ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ၂၅-၇-၂၀၂၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံများထဲမှ ပြုပြင်ပြီး ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့ကိုလည်းကောင်း၊ ပြုပြင်ဆဲဆေးဆိုးနှင့် ပန်းပုံရိုက်နည်းပညာဌာန၊ သင်ကြားရေးစက်ရက်ကန်းရုံ၊ ဝန်ထမ်းအိမ်ရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အနီရောင်အဆင့် သတ်မှတ်ချက်အဆောက်အအုံများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နည်းပြဆရာ ဆရာမများ၊ ချည်မျှင်နှင့် အထည်အလိပ်အတတ်ပညာဒီပလိုမာတစ်နှစ်သင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ လက်ရက်ကန်းခြောက်လသင်တန်း၊ ရိုးရာလွန်းရာကျအချိတ်ခြောက်လသင်တန်း၊ ရွှေချည်ထိုးငွေချည်ထိုးသုံးလသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်အတတ်ပညာ ဒီပလိုမာပေါင်းကူး တစ်နှစ်သင်တန်းတက်ရောက်နေကြသည့် သင်တန်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ်လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရန်၊ သမဝါယမကောလိပ်၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ပေါင်းကူးတက်ရောက်ခွင့်မရရှိသည့် ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စားရိပ်သာတွင် ညနေစာကျွေးမွေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)