ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်




ရန်ကုန်၊ ဇူလိုင် ၂၇

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးနှင့်စာစစ်ဌာနဖြစ်သော အမှတ်(၄) အ‌ခြေခံပညာ အထက်တန်းကျောင်းများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဖြေဆို သူ စုစုပေါင်း(၁၁၄)ဦး ဖြေဆိုမှုတွင် အောင်မြင်သူ စုစုပေါင်း(၇၃)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်း အားဖြင့်  (၆၄.၀၄ )ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပုဇွန်တောင်မြို့နယ်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ များအနက်မှ ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၆)ဦးဖြင့် အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)