ဗီယင်နာ၊ ဇူလိုင် ၉
အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃) ကြိမ်မြောက် အစည်းအဝေးနှင့် ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပွဲအခမ်းအနားကို ၈-၇-၂၀၂၅ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့ပြီး၊ အစည်းအဝေးတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ တာဝန်ယူခဲ့သော လက်ရှိဥက္ကဋ္ဌ လာအိုသံရုံး/ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မကြာသေးမီက တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီးကိုယ်စား လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့် (၆)လတာကာလအတွင်း ကော်မတီ၏ လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးခဲ့ပြီး၊ အစည်းအဝေးက အတည်ပြုခဲ့သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment