မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်





မကွေး၊ ဇူလိုင် ၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးပြီး ဌာနဆိုင်ရာများစုပေါင်း ၍ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၀င်ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး၊ မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တစိန္တာသာရ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များက ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ နှင့်ဝါဆိုသင်္ကန်း တို့ကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှူအစုစုတို့အား သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် ဖတ်ကြားလျှောက်ထားကာ၊ မကွေးမြို့မဟာဓမ္မိကာရာမတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ) မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် ပင့်ဖိတ်သည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ပြီး မကွေးမြို့ပေါ်ရှိကျောင်းတိုက်ပေါင်း ၉၆ ကျောင်း၌ ဝါဆို /ဝါကပ်သီတင်းသုံးလျှက်ရှိသော သံဃာတော် အပါး ၁၀၆၂ ပါးတို့အား ဝါဆိုသင်္ကန်း ၁၀၆၂ စုံနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၈၄,၁၉၇,၅၀၀ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။             


မောင်ခိုင်မင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)