(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ ဒုတိယနေ့အစီအစဉ်များသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ ဒုတိယနေ့အစီအစဉ်များသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


ကွာလာလမ်ပူ၊ ဇူလိုင် ၁၀

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ ဒုတိယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အစည်းအဝေးဒုတိယနေ့ (၉-၇-၂၀၂၅) ရက်နေ့တွင် (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဖွင့်ပွဲအခမ်းအနား၊ (၅၈) ကြိမ်မြောက်အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေး၊ (၅၈) ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများသီးသန့်အစည်းအဝေးနှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သို့ ဝင်ရောက်ခြင်းဆိုင်ရာလက်မှတ်ရေးထိုးပွဲ အခမ်းအနားတို့သို့ တက်ရောက်ခဲ့သည်။ 

အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံမှ လေ့လာသူအဖြစ် ပါဝင်တက် ရောက်ခဲ့ပါသည်။ 

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေး၌ အာဆီယံအသိုက်အဝန်းထူထောင်ရေးကိစ္စရပ်များ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးသဘောတူစာချုပ်ကိစ္စရပ်များ၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံ၏ တင်းပြည့် အဖွဲ့ဝင်ဖြစ်ရေးကိစ္စရပ်၊ အာဆီယံ၏ မိတ်ဖက်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏၂၀၂၅ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာ၊ လုပ်ငန်းအစီ အစဉ် (၂၀၂၆-၂၀၃၀)၊ ဦးစားပေးအစီအစဉ်များနှင့် ၂၀၂၆ ခုနှစ်အတွက် ဘဏ္ဍာငွေသုံးစွဲမှုများ၊ (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပရန်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြသည်။

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး၌ မြန်မာနိုင်ငံအရေးဆိုင်ရာ တူညီဆန္ဒ(၅)ချက်အပေါ်  အာဆီယံနိုင်ငံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်၏ နောက်ဆက်တွဲ အကောင်အထည်ဖော်မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စ ရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးများပြီးနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်သို့ ဝင်ရောက်ခြင်းဆိုင်ရာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)