အဓမ္မဝါဒအဖြစ် ကြေညာခြင်းခံထားရသည့် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယနှင့် အပေါင်းအပါများအား ဖမ်းဆီးအရေးယူသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဓမ္မဝါဒအဖြစ် ကြေညာခြင်းခံထားရသည့် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယနှင့် အပေါင်းအပါများအား ဖမ်းဆီးအရေးယူသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာ


ရန်ကုန်၊ ဇူလိုင် ၁၀

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဝိနိစ္ဆယအဖွဲ့ခွဲမှ ဆရာတော်ကြီးများက ဦးသူရိယနှင့် အပေါင်းအပါများ၏ ဟောပြောချက်များသည် ပိဋကတ် ခြောက်တန်တင် ဗုဒ္ဓတရာတော်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့် အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခဲ့ပြီး ဦးသူရိယ က အဓမ္မဝါဒကို စွန့်လွှတ်ပါမည်ဟု ဝန်ခံလက်မှတ်ရေးထိုးခြင်း မရှိသောကြောင့် အရပ်ဘက်မှ ဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများအား လွှဲအပ်ခဲ့သည်။

ထိုသို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်သော်လည်း အရပ်ဘက်မှ ဆက်လက်အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ဦးသူရိယ က လူမှုကွန်ရက်မှ ဝိနိစ္ဆယဆရာတော်ကြီးများအား ဝေဖန်ပြစ်တင်ပြောဆိုခြင်း၊ အဓမ္မဝါဒကို ဆက်လက်ဟောပြောခြင်းများ ပြုလုပ်နေခဲ့ပြီး ယနေ့ (၁၀-၇-၂၀၂၅) ရက်နေ့ တွင် အရိယာမဏ္ဍိုင် တောရရိပ်သာအား တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးထိန်းသိမ်းသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများကို ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေ ဟုတ်မှန်ခြင်း ရှိ၊ မရှိ မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မြန်မာနေရှင်နယ်ပို့စ် ၏ အခြားသတင်းရင်းမြစ်များက ဝင်ရောက်စစ်ဆေးထိန်းသိမ်းလိုက်သည်မှာ မှန်ကန်ကြောင်း ဆိုသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)