အာဆီယံ-အစ္စလာမာဘတ်ကော်မတီဥက္ကဌ မြန်မာသံအမတ်ကြီး ဉီးဝဏ္ဏဟန် ဉီးဆောင်သည့် အာဆီယံ သံအမတ်ကြီးများ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အစ်ဟတ်ဒါးနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ-အစ္စလာမာဘတ်ကော်မတီဥက္ကဌ မြန်မာသံအမတ်ကြီး ဉီးဝဏ္ဏဟန် ဉီးဆောင်သည့် အာဆီယံ သံအမတ်ကြီးများ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အစ်ဟတ်ဒါးနှင့် တွေ့ဆုံ




အစ္စလာမာဘတ်၊ ဇူလိုင် ၉

အာဆီယံ-အစ္စလာမာဘတ်ကော်မတီ၏ ဥက္ကဌဖြစ်သူ မြန်မာသံအမတ်ကြီး ဉီးဝဏ္ဏဟန် ဉီးဆောင်သည့် အာဆီယံသံအမတ်ကြီးများသည် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အစ်ဟတ်ဒါးအား ၈-၇-၂၀၂၅ ရက်နေ့ ၁၂း၃၀ နာရီတွင် ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက ပါကစ္စတန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ၂၀၂၅-၂၀၂၆ အတွက် အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်နိုင်ငံအဖြစ် ထပ်မံရွေးချယ်ခံရခြင်းနှင့် ယခု ဇူလိုင်လတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဌအဖြစ် စတင်တာဝန် ထမ်းဆောင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပါကစ္စတန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မှန်ကန်သည့်မူကို အခြေခံ၍ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများဘက်က ရပ်တည်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်တွင် အထွေထွေ ရွေးကောက်ပွဲကျင်းပမည့်ကိစ္စ၊ ပါကစ္စတန်နှင့် အာဆီယံအကြား နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲပြီးနောက် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် သံအမတ်ကြီး မစ္စ အမ်နာ ဘာလော့ချ်က အာဆီယံသံအမတ်ကြီးများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)