မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ



ချမ်းအေးသာစံ ၊  ဇူလိုင် ၂၂


တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (Training of Trainer) (၂/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။


အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး နေလင်းစိုးက သင်တန်းအဖွင့်အမှာစကားနှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။


အဆိုပါ ဆရာဖြစ်သင်တန်းအား ယခုနှစ်အတွင်း ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၅ ရက် အထိ ဖွင့်လှစ်၍ ဥပဒေဘာသာရပ် (၇) ခု ပို့ချသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၂ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်းနှင့် ဥပဒေအသိပညာသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိပညာအမြင်များ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)