နေပြည်တော်၊ ဇူလိုင် ၂၂
အောင်ကိုမိုးအနေဖြင့် အကယ်ဒမီပေးပွဲတွင် ဖန်တီးဝတ်ဆင်ခဲ့သော ဖက်ရှင်မှာ ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားရာရောက်သဖြင့် ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားရာ ယနေ့ (၂၂-၇-၂၀၂၅) ရက်နေ့ ရုံးချိန်းတွင် သက်သေများကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
တရားရုံးတွင် တရားလိုအား စစ်ဆေးပြီး လိုပြသက်သေများကို စစ်ဆေးလျက်ရှိရာ ယခင်အပတ်က လူပုဂ္ဂိုလ်တစ်ဦး ဆက်လက်စစ်ဆေးရန် ကျန်နေပြီး ဆရာတော်သံဃာတော် (၄)ပါး လိုပြသက်သေတွင် ပါဝင်ရာ ဆက်လက်စစ်ဆေးရမည်ဖြစ်သည်။
အကယ်ဒမီပေးပွဲတွင် အောင်ကိုမိုးဝတ်ဆင်ခဲ့သော ဖက်ရှင်နှင့် ပတ်သက်၍ လိုပြသက်သေတွင် ပါဝင်သည့် ဆရာတော် ဦးပညာ က "ဘုရားကို ခေါင်းဖြတ်ပြီး တုတ်ထိုးလာတာ" ဟု မြန်မာနေရှင်နယ်ပို့စ်နှင့် သီးခြားအင်တာဗျူးတွင် သုံးသပ်ဖြေဆိုထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment