နေပြည်တော်၊ ဇူလိုင် ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းများ ရွေးချယ်မည့်ပုံစံနှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌ ဦးခင်ရီ ၏ မန္တလေးခရီးစဉ်တွင် မန္တလေးမြို့ခံ မီဒီယာများက မေးမြန်းသည့်အပေါ် ပြန်လည်ဖြေကြားထားသည်ကို တွေ့ရသည်။
ပြည်ခိုင်ဖြိုးပါတိ ဥက္ကဋ္ဌ ဦးခင်ရီ က "အခုထက်ထိတော့ ကျွန်တော်တို့ ကိုယ်စားလှယ်ရွေးချယ်တာ မပြီးသေးဘူး။ အခု ကျွန်တော်တို့ လုပ်တဲ့ပုံစံက မြို့နယ်အဆင့် ရွေးချယ်ရေးအဖွဲ့ ဖွဲ့တာပေါ့။ အဲဒီမှာ ကျွန်တော်တို့ပါတီကလူတင်မဟုတ်ဘူး။ အဲဒီမှာ ရပ်မိရပ်ဖတို့၊ သြဇာတိက္ကမရှိတဲ့လူတို့၊ အခြားလူတွေပါ ပါတာပေါ့။ အဲဒီကနေ ခရိုင်၊ အဲဒီကနေ တိုင်း၊ အဲဒီကနေ ဗဟိုပေါ့။ ဗဟိုကြတော့ ယခင် နာယကကြီးတွေ ခေါ်တာပေါ့ဗျာ။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးတွေပေါ့။ အဲဒီ ပုဂ္ဂိုလ်ကြီးတွေပါ ပါပြီးတော့ စိစစ်မယ်။ အောက်ကနေ ၅ယောက်လောက် ရွေးမယ်။ စိစစ်ပြီး ၃ယောက်လောက် ရွေးမယ်။ First, Second, Third လို့ တပ်စရာမလိုဘူး။ အဲဒီလို ရွေးတဲ့အခါ အဟောင်းလည်း ပါချင်ပါမယ်။ အသစ်လည်း ပါချင်ပါမယ်။ နံပါတ်တစ်က ဘာလဲဆိုတော့ ပြည်သူအကျိုးကို ဆောင်ရွက်ပေးနိုင်သူ၊ ပြည်သူ ချစ်တဲ့သူ ဖြစ်ရမယ်။ နှစ်က ငုတ်တုတ်ထိုင်ပြီးတော့ ဘာမှအလုပ်မလုပ်တဲ့သူ မလိုချင်ဘူး။ လွှတ်တော်မှာ လုပ်လုပ်၊ အစိုးရအဖွဲ့မှာ လုပ်လုပ်၊ ကောင်းတဲ့အရွေ့တစ်ခုကို ဖြစ်သွားအောင် ကျွန်တော်တို့ ပေတံ နှစ်ခုတော့ ပေးထားတယ်။ စာရင်းတွေအကုန်လုံး ကျွန်တော်တို့ဆီ မရောက်သေးဘူး။ ကျွန်တော်တို့မှာတော့ လူဟောင်းတွေချည်းပဲ ရွေးမယ်ဆိုတာ မရှိဘူး။ သင့်တော်တဲ့သူ မှန်သမျှ၊ အပြင်လူလည်း ပါချင်ပါမယ်။ ဒါက ကျွန်တော်တို့ ပြောထားပြီးသားပဲ။ တိုင်းပြည်အတွက် အရွေ့တစ်ခုဖြစ်အောင် တိုးတက်အောင် လုပ်နိုင်မယ့်သူကို ကျွန်တော်တို့ရွေးမယ်။" ဟု ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၏ မန္တလေးခရီးစဉ်တွင် မန္တလေးမြို့ခံ ပရဟိတအသင်းအဖွဲ့များ၊ သတင်းမီဒီယာများနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment