ကော့သောင်း ၊ ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရောက်ရှိနေသော တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်တို့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ စုပေါင်းရုံးလမ်းရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံး ယာယီဖွင့်လှစ်ထားရှိသည့် အဆောက် အဦသို့ရောက်ရှိပြီး ခရိုင်ဥပဒေရုံးနှင့်မြို့နယ်ဥပဒေရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများအားတွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ စနစ်များဖြစ်သည့် ပထမရသူအနိုင်ရရှိသည့် စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) စနစ် များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဥပဒေချုပ်က ခရိုင်အတွင်းရှိ ဥပဒေအရာရှိများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ရွေးကောက်ပွဲဆိုင်ရာ တည်ဆဲဥပဒေများကို ကြိုတင်လေ့လာထားရှိရန်၊ နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရန်၊ ယာယီရုံးဖွင့်လှစ်ထားရှိမှုနှင့် စပ်လျဉ်းသည့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်း လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးကိစ္စများအား အထူးဂရုပြု ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးဥပဒေအရာရှိတို့သည် ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံးအသစ် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment