ပြင်ဦးလွင်မြို့တွင် အသိပညာပေးဟောပြော‌ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် အသိပညာပေးဟောပြော‌ပွဲကျင်းပ



ပြင်ဦးလွင် ၊  ဇူလိုင် ၁


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော အသိပညာ‌ပေးဟောပြော‌ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာ၀တီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာ၀န်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၂၀) ဦး တက်ရောက်ကြသည်။ 


ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက မိတ်ဆက်စကားပြောကြားပြီး၊ ခရိုင်လူမှု၀န်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့၀င်းက အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မူးယစ်တပ်ဖွဲ့စု(၁၆)မှ ရဲအုပ် မျိုးအောင်က မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ယာယီမြို့နယ် ရဲတပ်ဖွဲ့မှူးသန့်ဇင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ခရိုင်ဥပဒေရုံး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်ချမ်းမြေ့၀င်းကအမျိုးသမီးငယ်များနှင့်ပတ်သက် ၍ ဥပဒေအကြောင်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြသည်။


ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ (အတွင်းရေးမှူး)ဒေါ်ကြူကြူက အမျိုးသမီးငယ်များနှင့်ပတ်သက်၍ အသိပညာပေးဖြည့်စွက်ဟောပြောခဲ့ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။ 


သွေးသွေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)