နေပြည်တော်၊ ဇူလိုင် ၂၉
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ ၁၇ ၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများတွင် နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ခိုင်မာစေရေးအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်နိမိတ်ရေးရာကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment