နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇူလိုင် ၂၉

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့က အာဆီယံ-ရုရှား ဆွေးနွေးဖက် ဆက်ဆံရေး ပိုမိုခိုင်မြဲလာစေရန် ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ကြီးမှူး၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင်ကျင်းပခဲ့သည့် အာဆီယံ-ရုရှား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဖြစ်ပေါ်တိုးတက်မှုရလဒ်များအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ 

ထို့ပြင် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် ကဲ့သို့သော အာဆီယံဦးဆောင်သည့် ယန္တရားများအောက်မှ အာဆီယံနှင့် ရုရှားအကြားထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အကျိုးတူကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံမှုပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ရုရှား အွန်လိုင်းစစ်တုရင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကစားသမား (၆) ဦးအား ရုရှားသံအမတ်ကြီးက အမှတ်တရလက်ဆောင်ပေးအပ်ခြင်းနှင့် မော်စကိုဒေသ စစ်တုရင်အဖွဲ့ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်သူ Mr. Sergei Karjakin ၏ လက်မှတ်ရေးထိုးထားသည့် စစ်တုရင်ခုံအား ဒုတိယဝန်ကြီးထံ လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)