ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ဝမ်ကန်ရပ်၊ အောင်မြေသာနယ်မြေတွင် ၉.၇.၂၀၂၅ ရက်နေ့၊ ၁၄ ၃၀အချိန်ခန့်၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေသားများလျှောကျပြီး နေအိမ်(၁)လုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လွိုင်ဆောင်ထောက်အရန်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment