ရေနံချောင်းမြို့နယ်၌ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင် ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည်ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့နယ်၌ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင် ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည်ကုသိုလ်ပြုသူများဖြင့် အထူးစည်ကား




ရေနံချောင်း  ၊ ဇူလိုင် ၁၀


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ယမန်နေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။


ရေနံချောင်းမြို့နယ်၌ ဗုဒ္ဓဘာသာနွယ်ဝင်ပြည်သူများက မြတ်စွာဘုရားရှင်၏ ထူးမြတ်သောနေ့ဖြစ်သည့် ဝါဆိုလပြည့်နေ့တွင် ဘုရား၊ ပုထိုးစေတီများ၌ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ခြင်း၊ ပရိတ်ပဋ္ဌာန်းတရား‌တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်း၊  အနုမောဒနာတရားများ နာယူကြည်ညိုခြင်း၊ ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ အာဟာရဒါနကုသိုလ်ပြုသူများ၊ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)