မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ




မင်းဘူး ၊ ဇူလိုင် ၁၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မင်းဘူးမြို့ မဟာဝိသုတာရာမတိုက်သစ်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉာဏိကအမှူးပြုသော ပင့်သံဃာဆရာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ မေတ္တာသုတ်ပရိတ်တရားတော်နှင့် အနုမောဒနာတရားတော်များ နာယူကြည်ညို၍ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းများ ပေးဝေခဲ့ကြသည်။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပင့်သံဃာ ၂၄ ပါးအား ဝါဆိုသင်္ကန်း ၂၄ စုံ၊ လှူဖွယ်ဝတ္ထု ၂၄ သိန်းနှင့် ပင့်ဖိတ်ထားသော မြို့ပေါ်ကျောင်းတိုက်များအတွက် ဝါဆိုသင်္ကန်း ၇၃ စုံအပါအဝင် စုစုပေါင်း ဝါဆိုသင်္ကန်း ၉၇ စုံနှင့် စုစုပေါင်းတန်းဖိုးငွေကျပ် ၈၇၀၅၀၀၀ ကျပ်တိတိကို မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် အဆိုပါသာသနာ့ဗိမာန်တော်ကြီး၌ အောင်မြင်စွာ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချလှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)