ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပမှုရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပမှုရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည် ပြုပြင်မွမ်းမံဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် မိမိတို့ ဟိုတယ်ပရဝဏ် အတွင်းရှိ အရိပ်ရလေကာပင်များကို အလင်းဖွင့်ခြင်း၊ အောက်ခြေရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြရန်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေသည် ပြည်ထောင်စုအဆင့် အစိုးရရုံးများတည်ရှိပြီး နိုင်ငံတော်အဆင့် အခမ်းအနားများသာမက နိုင်ငံတကာအဆင့် အခမ်းအနားများ၊ ဖိုရမ်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများ အခါအားလျော်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ဟိုတယ်များအနေဖြင့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးနိုင်အောင် ပြင်ဆင်ဆောင်ရွက်ကြရန်၊ ဟိုတယ်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး အမြင်တင့်တယ်မှုရှိအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

၇-၇-၂၀၂၅ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိ မြို့နယ် ရာဇသင်္ဂဟလမ်းမကြီးတစ်လျှောက် ဟိုတယ်ဇုန် (၁) ရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပ မှုရှိစေရေး ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုတယ်များမှ တာဝန်ရှိသူများက ငလျင်ကြောင့် ဟိုတယ်များ ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်နေမှု၊ ခရီးသည်များ လာရောက်တည်းခိုနေထိုင်မှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)