မန္တလေးတိုင်းဒေသကြီးအတွင်း အသားငါးမွေးမြူထုတ်လုပ်မှုနှင့် စားသုံးဆီတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအတွင်း အသားငါးမွေးမြူထုတ်လုပ်မှုနှင့် စားသုံးဆီတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း


နေပြည်တော်၊ ဇူလိုင် ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇူလိုင် ၆ ရက်က မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း အသားငါးမွေးမြူထုတ်လုပ်မှုတိုးတက်ရေး၊ ဆီထွက်သီးနှံ နှမ်း၊ နေကြာ စိုက်ဧကတိုးချဲ့ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ် မွေးမြူရေးသုတေသနစခန်း (မန္တလေး) ၌ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံနှင့် သရက်ကုန်း ငါးလုပ်ငန်းစခန်းမှ တာဝန်ရှိသူများ၊ မွေးမြူရေး သုတေသနစခန်း တာဝန်ခံများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တိုင်းရင်းငါးမျိုးစိတ်များအား မျိုးထိန်းသိမ်းရန်၊ မျိုးပြန့်ပွားရေး နှင့် ငါးမျိုးစိတ်အလိုက် အစာအမျိုးအစား လိုအပ်ချက်ဆိုင်ရာ သုတေသနများ ဆောင်ရွက်ရန်၊ ငါးမျိုးစိုက်ထည့်မှုနှင့် ငါးသားပေါက်ဖြန့်ဖြူးမှုတို့ကို သတ်မှတ်လျာထားချက်အတိုင်း ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ငါးကန်များ၊ ငါးသားဖောက် ထုတ်လုပ်မှု၊ မျိုးငါးများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပုသိမ်ကြီးမြို့နယ် ကုလားမတောင်ကျေးရွာရှိ ရွှေအိုး နို့စားနွား မွေးမြူရေးခြံ၌ နို့စားနွား များ မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် အမရပူရမြို့နယ်ရှိ နတ်ရေကန်ငါး လုပ်ငန်းစခန်း၌ မျိုးငါးများ မွေးမြူထားရှိမှု၊ ငါးမျိုးရောင်းချမှု၊ ငါးမျိုးစိုက်ထည့်မှုနှင့် မန္တလေးငလျင် ကြောင့် ရုံးအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအခြေအနများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် ရွာနိုင်တောင်ကွင်း ရှိ အာရှသားဆီစက် လုပ်ငန်း၌ ပဲပုပ်ကုန်ကြမ်း စုဆောင်းခြင်း၊ သန့်စင်ခြင်း၊ အခြောက်လှန်းခြင်း၊ စက်ဖြင့် သန့်စင်ခြင်း၊ ဆီကြိတ်ခြင်း၊ ထုပ်ပိုး၍ ဈေးကွက်သို့ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)