အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ အေအိုင် နဲ့ ပတ်သက်တဲ့ ပြဿနာ စတက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ အေအိုင် နဲ့ ပတ်သက်တဲ့ ပြဿနာ စတက်ပြီ


ဇူလိုင် - ၉ ( ဗုဒ္ဓဟူးနေ့ ) 

အယောင်ဆောင်သူတစ်ဦးသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို အယောင်ဆောင်ဖို့ ဉာဏ်ရည်တုကို အသုံးပြုပြီး ပြည်တွင်း နဲ့ နိုင်ငံခြား တာဝန်ရှိသူများထံ ဆက်သွယ်ရန် ကြိုးပမ်းခဲ့ကြောင်း နိုင်ငံခြားရေးဌာနရဲ့ စာတိုပေးပို့ချက်ကို ကိုးကားပြီး မီဒီယာအများအပြားက ဖော်ပြခဲ့ပါတယ်။ 

လိမ်လည်သူက ရူဘီယိုရဲ့ အသံနှင့် အရေးအသားပုံစံကို တုပပြီး အေအိုင်နဲ့ ဖန်တီးထားတဲ့ အသံနှင့် စာတိုများကို  အနည်းဆုံး နိုင်ငံခြားရေးဝန်ကြီး သုံးဦး၊ အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အုပ်ချုပ်ရေးမှူးတစ်ဦးထံ ပေးပို့ခဲ့ပါတယ်။ ဝါရှင်တန်ပို့စ် သတင်းဌာန အဆိုအရ တရားခံသည် ကုဒ်ဝှက်ထားသော စာတိုပေးပို့ခြင်းအက်ပ် အချက်အလက် ကို အသုံးပြုကာ အီးမေးလ်လိပ်စာအတု “marco.rubio@state.gov” နဲ့  အကောင့်တစ်ခုကို မှတ်ပုံတင်ခဲ့ပါတယ်။ အဲ့လိုစာတွေပေးပို့မှုကို ဇွန်လလယ်လောက်ကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။ 

အမေရိကန်အရာရှိတစ်ယောက်ကတေ့ မက်ဆေ့တွေက သိပ်ပြီး ခေတ်မမီပါဘူး ဒါကြောင့် မအောင်မြင်ရတာပါ လို့ ဆိုပါတယ်။ “ဒီကမ်ပိန်ကနေ ဌာနကို တိုက်ရိုက် ဆိုက်ဘာ ခြိမ်းခြောက်မှု မရှိပါဘူး၊ ဒါပေမယ့် ပစ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ သတင်းအချက်အလက်တွေနဲ့ ပြင်ပအဖွဲ့အစည်းတွေနဲ့ မျှဝေတဲ့ သတင်းအချက်အလက်တွေကို ဖော်ထုတ်နိုင်မှာပါ” လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဆိုပါတယ်။  

နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ က အဆိုပါဖြစ်ရပ်ကို အင်္ဂါနေ့တွင် အတည်ပြုခဲ့ပြီး ဌာနသည် "လောလောဆယ် အဆိုပါကိစ္စကို စောင့်ကြည့်နေပြီး ဖြေရှင်းပေးနေကြောင်း၊ ၎င်း၏ ဌာနတွင်း အချက်အလက်များကို ကာကွယ်စောင့်ရှောက်ရန် ၎င်း၏တာဝန်ကို အလေးအနက်ထားဆောင်ရွက်ပြီး နောက်နောင်ဖြစ်ရပ်များကို ကာကွယ်ရန်အတွက် ဌာန၏ ဆိုက်ဘာလုံခြုံရေးအနေအထားကို မြှင့်တင်ရန် စဉ်ဆက်မပြတ်လုပ်ဆောင်နေကြောင်း ဆိုသွားပါတယ်။ 

မေလတုန်းက FBI သည် အေအိုင် မှထုတ်လုပ်ထားသော အသံမက်ဆေ့ချ်များကို အသုံးပြုပြီး အယောင်ဆောင်းများပြုလုပ်နေကြောင်း အများပြည်သူကို သတိပေးခဲ့ပါတယ်။ အိမ်ဖြူတော် ဦးစီးချုပ် ဆူစီဝိုင်းလ် ရဲ့ ဖုန်းကို တစ်စုံတစ်ယောက်က ဟက်ကာ ဖောက်ထွင်းဝင်ရောက်ပြီး သူမ၏ အဆက်အသွယ်များထံ ဖုန်းခေါ်ဆိုမှုနှင့် မက်ဆေ့ချ်အတုများ ပေးပို့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီးနောက် အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)