မန္တလေး၊ ဇူလိုင် ၉
ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊၂၉×၃၀ လမ်း ကြား၊၇၄×၇၇ လမ်းကြားရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် မုံရွာခရိုင် PDF အကြမ်းဖက် ရင်း ၅ မှ ထွန်းကျော်စွာ(ခ)ထွန်းနိူင် (ခ)ထွန်းထွန်း၊၂၅နှစ်၊ (ဘ) ဦးမောင်နိုင်၊ စစ်ကိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျွဲတက်ကွင်းကျေးရွာ နေသူသည် မြွေကိုက်သဖြင့် ဆေးလာရောက်ကုသနေကြောင်း သတင်းအရ ၈-၇-၂၀၂၅ ရက်နေ့ ၂၁:၀၅ နာရီတွင် သက်ဆိုင်ရာ လုံခြုံရေးတာဝန် ရှိသူများမှ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံ ထွန်းကျော်စွာ(ခ)ထွန်းနိူင်(ခ)ထွန်းထွန်းအား စစ်ဆေးမေး မြန်းချက်အရ ၎င်းသည် ရတဖ (၂၆)တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်သား ထွန်းကျော်စွာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန်စီးကျေးရွာ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် သူငယ်ချင်းဖြစ်သူ ရဲတပ်သား အောင်ဆန်းမြင့်နှင့်အတူ ဘီအေ (၆၃) ၂လက်၊ ၇.၆၂ ကျည် ၃၀၀ တောင့်၊ ကျည်အိမ် ၅ ခုတို့နှင့်အတူ အကြမ်းဖက် PDF အဖွဲ့သို့ ဝင်ရောက်သွားကြောင်း သိရှိရသဖြင့် အသေးစိတ်ဆက်လက် စစ်ဆေးနိုင်ရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (နန်းတွင်း) အကျဉ်းထောင်သို့ ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment