မန္တလေး၊ ဇူလိုင် ၁၂
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့်သည် မန္တလေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့က ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ စက်မှုဇုံ(၂)ရှိ မိဘမေတ္တာ သံရည်ကြိုစက်ရုံသို့ သွားရောက်ပြီး စက်ရုံမှတာဝန်ရှိသူများ၊ အလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ဦးမောင်မြင့်မှ နှုတ်ခွန်းဆက်စကားနှင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)နှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့မှုများ၊ ယခုလက်ရှိ ကမ္ဘာ့အလုပ်သ မားအဖွဲ့ချုပ်(ILO)မှ မြန်မာနိူင်ငံအပေါ် အရေးယူနိူင်ရေး တစ်ဖက်သတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲပြီး၍ ရွေးကောက်ခံအစိုးရပေါ်ပေါက်လာပါက ဖြေရှင်းဆောင်ရွက်နိူင်မှု အခြေအနေများ၊ မြန်မာနိူင်ငံရှိ အလုပ်သမားများ လူမှုဖူလုံရေးအဖွဲ့သို့ ဝင်ရောက်မှု အခြေအနေများ၊ ဝင်ရောက်သင့်သည့် အခြေအနေများ၊ အလုပ်သမားများ သက်သာချောင် ချိရေးအတွက် ဆောင်ရွက်သင့်သည်များ အကြံပြု ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအလုပ်သမားများအတွက် မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော်များ ဓမ္မလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment