ငါ့သရောက်မြို့နယ်(ခွဲ)အတွင်းရှိ ကျေးရွာများမှ လူငယ်များကို PDF အကြမ်းဖက်အဖွဲ့က အဓမ္မလူသစ်စုဆောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဒေသခံပေးပို့သည့် သတင်းအရ အချို့ကိုတော့ ဖြားယောင်းသိမ်းသွင်းခြင်းဖြစ်ကြောင်း၊ အချို့လူငယ်များမှာ အကြပ်ကိုင် ခြိမ်းခြောက်ပြီး ခေါ်ယူနေခြင်းဖြစ်ကြောင်း၊ ငါ့သရောက် အမှတ်(၃) တောင်းကုန်းရပ်မှ လူငယ်တစ်ဦးကို ခြိမ်းခြောက်ပြီး ခေါ်သွားကြောင်း၊ ငါ့သရောက် အနောက်မြောက်ဘက် ကုလားတဲရွာရဲ့ မြောက်ဘက်နှစ်မိုင်ခန့်အကွာ ကန်ပေါက်ကြီးတဲစု(ဆင်သားမွေးစာရင်းဝင်)၊(ငါ့သရောက်-ပခုက္ကူသွားကားလမ်းဘေး)က ဦးနိုင်ဝင်းနဲ့ ဦးသာပေါ်တို့ နှစ်ဦးရဲ့ သားနှစ်ယောက်ကိုတော့ ဖြားယောင်းခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ ဖြားယောင်းခေါ်ဆောင်ခြင်းခံရတဲ့ ကလေးနှစ်ယောက်က ပြန်လည်ထွက်ပြေးလွတ်မြောက်လာလို့ ၁၁.၇.၂၀၂၅ နေ့မှာ ငါ့သရောက်ကို PDF အကြမ်းဖက်သမားတွေ ရောက်လာပြီး ကန်ပေါက်ကြီးတဲစုရှိ ဦးသာပေါ်၊ ဦးနိုင်ဝင်းတို့ထံရောက်လာပြီး ကလေးနှစ်ယောက်ကို ခေါ်ပြီးပြန်လာပို့ပေးရန် မပို့ပါက မိဘများကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။
PDF အကြမ်းဖက်အဖွဲ့ထဲသို့ ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက်သူများလည်း ရှိနေပြီး ငါ့သရောက် အမှတ်(၁) မြောက်ကုန်းနှင့် ရွှေလက်ပြန် မှ လူငယ်တချို့ PDF အဖွဲ့ထဲ ဝင်သွားသည်ဟု သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment