တောင်ကိုရီးယားမှာ အစိုးရက ပြည်သူတွေကို အသုံးစရိတ်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကိုရီးယားမှာ အစိုးရက ပြည်သူတွေကို အသုံးစရိတ်ထုတ်ပေး


ဇူလိုင် - ၆ ( တနင်္ဂနွေနေ့ ) 

တောင်ကိုရီးယားအစိုးရက ပြည်တွင်းအသုံးစရိတ်ကို မြှင့်တင်ရန်နဲ့  နိုင်ငံရဲ့နှေးကွေးသော စီးပွားရေးကို ပြန်လည်အားဖြည့်ရန်အတွက်  “စားသုံးမှုကူပွန်” အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ငွေသားထုတ်ပေးသည့် အစီအစဉ်ကို စတင်လုပ်ဆောင်နေကြောင်း ကိုရီးယား သံတော်ဆင့်က ဖော်ပြလိုက်ပါတယ်။ 

အဆိုပါ စီမံချက်ကို သောကြာနေ့က အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့တဲ့ ဝမ် ၃၁.၈ ထရီလီယံ (ဒေါ်လာ ၂၃.၃ ဘီလီယံ) အပိုဘတ်ဂျက်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ လုပ်ပေးတာဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ဇူလိုင် ၂၁ ရက်တွင် စတင်ရန် စီစဉ်ထားပြီး စက်တင်ဘာ ၁၂ ရက်အထိ လုပ်ဆောင်မှာဖြစ်ပါတယ်။ 

"သုံးစွဲမှုကို မြှင့်တင်ပေးပြီး လိုအပ်နေသူများကို ပံ့ပိုးပေးခြင်းဖြင့် စီးပွားရေးပြန်လည် နာလန်ထူလာစေရန် အတွက် အဆိုပါငွေပေးချေမှုများအတွက် စေ့စေ့စပ်စပ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမယ်" လို့ ပဏာမခြေလှမ်းကို ကြီးကြပ်ကွပ်ကဲသည့် အပြန်အလှန်အဖွဲ့ကို ဦးဆောင်နေသည့် ပြည်ထဲရေးဝန်ကြီး ကင်မ် မင် ဂျေး က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့အထိ တောင်ကိုရီးယားတွင် နေထိုင်သူအားလုံးသည် ပထမအကြိမ်ပေးချေမှု ဝမ် တစ်သိန်ခွဲ ( ကန်ဒေါ်လာ ၁၁၀ ) ရရှိမှာဖြစ်ပါတယ်။ ငွေပေးချေမှုများကို ခရက်ဒစ် သို့မဟုတ် ဒက်ဘစ်ကတ်များ၊ ကြိုတင်ငွေပေးကတ်များ သို့မဟုတ် ဒေသန္တရအစိုးရမှ ထုတ်ပေးသော လက်ဆောင်လက်မှတ်များမှတစ်ဆင့် ပြုလုပ်မှာဖြစ်ပါတယ်။ 

ထပ်လောင်းပံ့ပိုးကူညီမှုသည် ထိခိုက်လွယ်သောအုပ်စုများကို ပစ်မှတ်ထားမှာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများ၊ သားသမီးကျောထောက်နောက်ခံ မရှိတဲ့မိဘများနဲ့  မိသားစုများက ဝမ် ၃၀၀,၀၀၀ (ဒေါ်လာ ၂၂၀) ရရှိမည်ဖြစ်ပြီး အခြေခံစားဝတ်နေရေး ထောက်ပံ့ငွေ လက်ခံရနေသူများက ဝမ် ၄၀၀,၀၀၀ (ဒေါ်လာ ၂၉၀) ရရှိမှာဖြစ်ပါတယ်။ ကျေးလက်ဒေသများတွင် နေထိုင်သူများသည် “ဟန်ချက်ညီသော ဒေသဖွံ့ဖြိုးတိုးတက်ရေး” ကို မြှင့်တင်ရန်အတွက် ဝမ် ၅၀,၀၀၀ ထပ်မံရရှိမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရပါတယ်။ 

စက်တင်ဘာ ၂၂ မှ အောက်တိုဘာ ၃၁ အတွင်း စီစဉ်ထားသော ဒုတိယအကျော့ ငွေပေးချေမှုတစ်ခုသည် ဝင်ငွေရရှိသူများ၏ ၉၀% အောက်ခြေသို့ ဝမ် ၁သိန်း  ပေးမှာဖြစ်ပါတယ်။ အရည်အချင်းပြည့်မီမှုကို နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးအာမခံပရီမီယံပေါ် မူတည်၍ ဆုံးဖြတ်မည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။ 


REF: RT   

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)