ရွှေတောင်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ






ရွှေတောင်၊ ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း၊ သာသနာ့ဗိမာန်တော်၌ ယမန့်နေ့ နေ့လယ်ပိုင်းက ၂၀၂၃ခုနှစ်၊ ၂၀၂၄ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲတို့တွင်ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊သီလရှင် ( ၄၇) ပါးတို့အား  ဂုဏ်ပြုပူဇော်အပ်သော သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သံဃနာယက ဆရာတော်ကြီးများထံမှ သြဝါဒတရားနားယူပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်၍ စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များအား နိုင်ငံတော်မှလှူဒါန်းသည့် ဝတ္ထုငွေနှင့် ဘွဲ့လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် / ကျေးရွာအုပ်စုများမှ လှူဒါန်းသော အလှူငွေကျပ် ( ၁၃၅၉၀၀၀ိ/-) ကျပ်၊ အလှူရှင် အသီးသီး တို့က စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား အလှူငွေ နှင့်လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းပူဇော်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရွှေတောင်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ ကျောင်းတိုက်အသီးသီးရှိ ဆရာတော်ကြီးများ၊ စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သာသနာ့ဗိမာန်အကျိုးတော်ဆောင်အဖွဲ့နှင့် ပရိတ်သင်းသူများ၊ အလှူရှင် ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)