တောင်သူများ၏ စိတ်ဓာတ်၊ လူမှုရေးနှင့်စီးပွားရေးအချက်သုံးချက်ကို ဟန်ချက်ညီစွာ မြှင့်တင်ပေးရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သူများ၏ စိတ်ဓာတ်၊ လူမှုရေးနှင့်စီးပွားရေးအချက်သုံးချက်ကို ဟန်ချက်ညီစွာ မြှင့်တင်ပေးရမည်


နေပြည်တော်၊ ဇူလိုင် ၆

နေပြည်တော် AERDTC ခန်းမ၌ ယမန်နေ့က ကျင်းပသည့် (၇၄)ကြိမ်မြောက် တောင်သူနည်းပညာ ပေးဆွေးနွေးပွဲတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ အကောင်အထည်ဖော်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးအစီအစဉ်များအား တောင်သူနှင့် စိုက်ပျိုးရေးပညာရှင်များ အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးလုပ်ငန်းခွင်မှ လယ်သမားများအပါအဝင် လုပ်ငန်းကွင်းဆက်တစ်လျှောက်လုံးတွင် ပါဝင်လုပ်ကိုင်သူများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးသည့် ချဉ်းကပ်နည်းများကိုအခြေပြု၍ နည်းပညာပေးရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ညီညွတ်မှုသည် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ “ညီညွတ်မှု” ကိုအခြေခံကာ တောင်သူများ၏ စိတ်ဓာတ်၊ လူမှုရေးနှင့်စီးပွားရေးအချက်သုံးချက်ကို ဟန်ချက်ညီစွာမြှင့်တင် ပေးရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ အကောင်အထည်ဖော်မှုနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးကျော်သူက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် သက်ဆိုင်ရာပညာရှင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ နေပြည်တော်ရှစ်မြို့နယ်မှ တောင်သူ ၅၀ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၅၇ ဦးတို့က zoon point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)