ပေါက်ကိုယ်တော် နှင့် (၇)ရက်သားသမီးများ စုပေါင်း၍ ယနေ့ (ဝါဆိုလပြည့်နေ့)တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကြက်ဆီထမင်းဗူး - ၂၀၀၀ လိုက်လံ ပို့ဆောင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိရာ အုမ္မသီး၊ အုမ္မခါး၊ ဆမ္မဆယ်၊ ကျောက်ကြမ်း၊ ရေဝင်၊ ရေမောင်းထမ်း၊ ရွှေညောင်ပင်တို့ကို သွားရောက်ပို့ဆောင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပေါက်ကိုယ်တော် ယနေ့ဖြင့် ယခုကာလ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ စားသောက်ဖွယ်ရာ ရိက္ခာများ မကြာခဏ ပို့ဆောင်လှူဒါန်းပေးလျက်ရှိပြီး ဆရာတော် က "တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာ သာသနာအတွက် သူတို့တွေက အသက်ကိုစွန့်လှူပြီး တာဝန်ထမ်းဆောင်နေကြတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဆိုတာက တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာ သာသနာကိုပါ ဖျက်ဆီးနေကြတာကို အားလုံးလည်း တွေ့မြင်သိရှိ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့က (၇)ရက် သားသမီး ဒကာ၊ ဒကာမများ လှူဒါန်းမှုနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို အမြဲတမ်း လှူဒါန်းပေးနေပါတယ်။ မြန်မာပြည်ကြီးငြိမ်းချမ်းအောင် သူတို့တွေကပဲ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။" ဟု မိန့်ကြားသည်။
https://t.me/MyanmarNationalPost










No comments:
Post a Comment