ကွာလာလမ်ပူ၊ ဇူလိုင် ၁၂
(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အစည်းအဝေးစတုတ္ထနေ့ (၁၁-၇-၂၀၂၅) ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မိတ်ဖက်နိုင်ငံများ (ဗြိတိန်၊ ဥရောပသမဂ္ဂ) မှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၁၅) ကြိမ်မြောက်အရှေ့အာရှထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၁၃) ကြိမ်မြောက် မဲခေါင်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဆင့်အစည်းအဝေးနှင့် (၃၂) ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်တို့သို့ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်း အဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ မိတ်ဖက်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ အရှေ့အာရှထိပ်သီးအစည်း အဝေးအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ (၃၂) ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်အဖွဲ့ဝင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။ ယင်းအစည်း အဝေးများသို့ တီမောလက်စ်တေနိုင်ငံမှလည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မိတ်ဖက်နိုင်ငံများ (ဗြိတိန်၊ ဥရောပသမဂ္ဂ) မှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများကိစ္စနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
(၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး၌ ပူးပေါင်းဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် ဆွေးနွေးခြင်း၊ (၂၀) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်း အဝေးကျင်းပရေးဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
(၁၃) ကြိမ်မြောက် မဲခေါင်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဆင့် အစည်းအဝေး၌ ဒေသတွင်း ပေါင်းစည်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။
(၃၂) ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်၌ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ၊ အာဆီယံဒေသတွင်းဖိုရမ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ အစီရင်ခံစာနှင့် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment