မန္တလေး၊ ဇူလိုင် ၁၂
သီတဂူဆရာတော်ကြီးက မန္တလေးငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် သို့ အလှူတော်ငွေ ကျပ်သိန်း (၁၀၀၀) ယနေ့ ပေးအပ်လှူဒါန်းလိုက်ကြောင်း သိရသည်။
သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် (၂၈.၃.၂၀၂၅)ရက်နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းလျင်ကြောင့် ပျက်စီးသွားခဲ့သော ကျောင်းတိုက်တွေအတွက် စိတ်မကောင်းဖြစ်တော်မူပြီး၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကြီးအား အလှူငွေကျပ်သိန်း(၁၀၀၀)တိတိကို လှူဒါန်းတော်မူခဲ့ကြောင်း၊ ဆရာတော်ဘုရားကြီး၏ အလှူတော်သည် ပညာရေးနဲ့ သာသနာရေးကို အထူးဂရုစိုက်တော်မူသော သီတဂူအဓိပတိဆရာတော်ဘုရားကြီး၏ ကရုဏာစိတ်ထားကို ပြသနေပါကြောင်း၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီးသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဗုဒ္ဓစာပေသင်ကြားရာ ကျောင်းတိုက်တွေထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှသံဃာတော်များ၏ ဗုဒ္ဓစာပေများသင်ကြားရာ ပညာဘဏ်တိုက်ကြီး တစ်ခုလည်း ဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ ကရုဏာအလှူတော်သည် သာသနာတော်အတွက် အလွန်အရေးပါသော ပံ့ပိုးမှုကြီးတစ်ခု ဖြစ်ပါကြောင်း၊ စစ်ကိုင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော စာသင်တိုက်ကြီးများကို ပြန်လည်ပြုပြင်မွမ်းမံရန်အတွက်များစွာအထောက်အကူ ဖြစ်စေကြောင်း သတင်းထုတ်ပြန်ထားသည်။
၂၇.၆.၂၀၂၅ ရက်ကလည်း သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ အောင်မြေသာစည် အလယ်တိုက်မကြီးတွင် စစ်ကိုင်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့သော ကျောင်းတိုက်များ ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေ ကျပ် သိန်း(၁၀၀၀)ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment