တနိုင်းဒေသ၊ ခွန်စိုင်ယန်အရှေ့ဘက်ခြမ်းတွင် ဇူလိုင်လ ၁၂ ရက် နေ့လည်ပိုင်းအချိန်က နယ်မြေရှင်းလင်းနေသည့် တပ်မတော်၊ ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းအဖွဲသည် KIA အကြမ်းဖက်အဖွဲ့ အင်အား၃၀ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ တောင်ဘက်သို ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် တပ်မတော်သား၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ၊ KIA အကြမ်းဖက်သမား၂ လောင်း၊ လက်နက်မျိုးစုံ ၄ လက် (M-22 သေနတ် ၂ လက်၊ ၄၀ မမ လောင်ချာ ၁ လက်၊ စက်လတ် ၁ လက်)၊ ကျည်အိမ်/ကျည်ဆန်များ၊ ကျည်ကာအင်္ကျီ/ဦးထုပ်များ၊ ဗုံးသီး/ အိုက်ကွန်များ သိမ်းဆည်းရရှိခဲ့သည်။
တပ်မတော်ပူးပေါင်းစစ်ကြောင်းသည် ထွက်ပြေးသွားသော KIA အကြမ်းဖက်အဖွဲ့ နောက်သို့ ထပ်ကြပ်လိုက်လံရှင်းလင်းရာ လျှိုစောင်းထဲတွင် KIA အကြမ်းဖက်သမား၂ လောင်း၊ M-22 သေနတ် ၁ လက် တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်အတွင်း KIA အကြမ်းဖက်သမား ၁ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment