မလေးရှားနိုင်ငံမှ (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ၊ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလေးရှားနိုင်ငံမှ (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ၊ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်




ကွာလာလမ်ပူမြို့၊ ဇူလိုင် ၉

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ (၅၈) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။

အဆိုပါအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ 

အစည်းအဝေး ပထမနေ့ (၈-၇-၂၀၂၅) တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ အရှေ့တောင်အာရှ နျူကလီယားလက်နက်ကင်းမဲ့ရေးဇုန် ကော်မရှင်အစည်း အဝေးတို့သို့ ပါဝင်တက်ရောက်ခဲ့သည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်များတွေ့ဆုံပွဲ၌ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် က နှစ်စဉ်အစီရင်ခံစာ ၂၀၂၅ နှင့်ပတ်သက်၍ တင်ပြခဲ့ပြီး ယင်းတင်ပြချက်များအပေါ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက  တုံ့ပြန်ဆွေးနွေးခဲ့ပါသည်။

အရှေ့တောင်အာရှနျူကလီယားလက်နက်ကင်းမဲ့ရေးဇုန် ကော်မရှင်အစည်းအဝေး၌ အရှေ့တောင်အာရှနျူကလီယားလက်နက်ကင်းမဲ့ရေးဇုန်သဘောတူစာချုပ်အပေါ် ဖြည့်စွက်ချက် ကို အတည်ပြုခဲ့ပြီး အရှေ့တောင်အာရှဒေသ၌ နျူကလီယားလက်နက်ကင်းမဲ့ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)