နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် အသက်(၁၀၉)နှစ်ရှိ အဘွားအား အလှူပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် အသက်(၁၀၉)နှစ်ရှိ အဘွားအား အလှူပစ္စည်းများပေးအပ်


ပန်းတနော်၊ ဇူလိုင် ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယမန်နေ့က ပန်းတနော်မြို့ အနောက်ပိုင်းရပ်ကွက်နေ အသက်(၁၀၉)နှစ် အဘွားဒေါ်စောကြည် နေအိမ်သို့သွားရောက်၍ အလှူပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ပန်းတနော်မြို့နယ်ရှိ ဦးသန့်စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ပန်းတနော်) ရွှေနော်သီရိခန်းမ၌ Myanmar Electronic Voting Machine (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာသင်တန်း အမှတ်စဉ်(၆/၂၀၂၅) ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)