ပေါင်မြို့နယ်၌ (၇၅)ကြိမ်မြောက်စိန်ရတု (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ (၇၅)ကြိမ်မြောက်စိန်ရတု (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်








ပေါင်၊ ဇူလိုင် ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၅)ကြိမ်မြောက်စိန်ရတု (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းကို ယမန်နေ့ညနေ့ပိုင်းက ကဒုံစီးတိုက်ကျောင်းဘုန်း‌တော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ရာ မုတ္တမကျေးရွာ၊ ရွှေရေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဉာဏလောက (မြို့နယ် YMBA အသင်းနာယက)နှင့် မြို့နယ် YMBA အသင်းဩဝါဒစရိယဆရာတော် နှင့် သံဃာတော်များ၊ ပြည်နယ် YMBA အသင်းဥက္ကဋ္ဌ ဦးကြည်သိန်း၊ တွဲဘက်ဥက္ကဋ္ဌ ဦးအောင်မိုး၊ မြို့နယ် YMBA အသင်းဥက္ကဋ္ဌ ဦးညွန့်ဝင်း နှင့် မြို့နယ်အသင်းဝင်များ၊ပူးတွဲမြို့နယ်ပညာရေးမှူးဒေါ်နွယ်နွယ်အေး နှင့်ဆရာ၊ဆရာမများ ဆုရကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာတက်ရောက်လာသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ရွှေရေးကျောင်းဆရာတော် ဘဒ္ဒန္တ ဉာဏလောက မှ ဩဝါဒမိန့်ကြားခဲ့ပြီး ပြည်နယ် YMBA အသင်းဥက္ကဌ ဦးကြည်သိန်းမှ YMBA အသင်းကြီးမှ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲများအား စတင်ကျင်းပပြုလုပ်ခဲ့မှုအခြေအနေနှင့် ဆက်လက်ကျင်းပပြုလုပ်နိုင်ရန်အတွက် ဆရာ၊ဒါယိကာညီညွှတ်စွာဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်  အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ် YMBA အသင်းဥက္ကဌ ဦးညွန့်ဝင်းက ဆုပေးပွဲနှင့်ပတ်သက်၍ ဝမ်းမြှောက်စကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အေး မှ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓသင်ခန်းစာများသင်ကြားရသည့် ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် မြို့နယ်အတွင်း (၇၅)ကြိမ်မြောက်စိန်ရတု (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊‌ ကျောင်းသူများအား တာဝန်ရှိသူများ ဆုများချီးမြှင့်ခဲ့ပြီး ကဒုံစီးရပ်ကွက်၊ သက်သတ် လွတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ မြို့နယ် YMBA အသင်းဩဝါဒစရိယဆရာတော်နှင့်သံဃာတော်များ၊ ပြည်နယ် YMBA အသင်းဥက္ကဋ္ဌ ဦးကြည်သိန်း၊ တွဲဘက်ဥက္ကဋ္ဌ ဦးအောင်မိုး၊ မြို့နယ် YMBA အသင်းဥက္ကဋ္ဌ ဦးညွန့်ဝင်း တို့ကအလျား ၈ ပေ၊ အနံ ၄ ပေရှိ ပေါင်မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ အသင်းအမှတ်(၈၇)ဆိုင်းဘုတ်အား စိုက်ထူခဲ့ပြီး ဆိုင်းဘုတ်အား ဆရာတော်များမှ မေတ္တာသုတ်ပရိတ်ရွတ်ဖတ်ခြင်း၊ အမွှေးနံ့သာပက်ဖြန်းခြင်းများ ပြုလုပ် စိုက်ထူခဲ့ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)