ရုရှားနိုင်ငံက မြို့တော် မော်စကို ကို ပစ်မှတ်ထားသော ယူကရိန်းဒရုန်း ၆ စင်းကို ပစ်ချဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံက မြို့တော် မော်စကို ကို ပစ်မှတ်ထားသော ယူကရိန်းဒရုန်း ၆ စင်းကို ပစ်ချဖျက်ဆီး


မော်စကို၊ ဇူလိုင် ၇ 

ရုရှားနိုင်ငံ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ဇူလိုင် ၆ ရက်က မြို့တော် မော်စကိုကို ပစ်မှတ်ထား တိုက်ခိုက်ရန် ပျံသန်းလာသော ယူကရိန်းဒရုန်း ၆ စင်းကို ပစ်ချဖျက်ဆီးခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergei Sobyanin က ပြောကြားခဲ့ကြောင်း သိရသည်။

အရေးပေါ်ဌာနများမှ ကျွမ်းကျင်ပညာရှင်များသည် ဒရုန်း အပျက်အစီးအပိုင်းအစများ ကျရောက်သည့် နေရာများတွင် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း မြို့တော်ဝန် Sergei Sobyanin က ၎င်း၏ တယ်လီဂရမ်ချန်နယ်တွင် ရေးသားထားသည်။

“ပြီးခဲ့တဲ့လတွေအတွင်း မော်စကိုကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ ပျံသန်းလာခဲ့ပါတယ်။ လက်တစ်ဆုပ်စာလောက်ပဲ မော်စကိုဆီ ရောက်နိုင်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ မရှိခဲ့ပါဘူး” ဟု အဆိုပါ မြို့တော်ဝန်က ပြောကြားခဲ့သည်။

ဒရုန်းထိုးစစ်များကို ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ နှစ်ဖက်စလုံးက ၎င်းတို့ အချင်းချင်း တိုက်ပွဲများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။ 


Ref -(Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)