ဇူလိုင် - ၁၂ ( စနေနေ့ )
အိန္ဒိယနိုင်ငံက မြေရှားသတ္တုကနေ သံလိုက်ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် ဒေါ်လာ ၁၅၆ သန်း ထောက်ပံ့ရေးအစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း Moneycontrol ဝက်ဘ်ဆိုက်က သောကြာနေ့တွင် ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား နိုင်ငံရေး နဲ့ ကုန်သွယ်ရေး တင်းမာမှု ဖြစ်ပေါ်နေရာ တရုတ်နိုင်ငံဘက်က မြေရှားသတ္တု တင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်မှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
တောင်အာရှနိုင်ငံဖြစ်တဲ့ အိန္ဒိယက ကမ္ဘာ့တတိယအကြီးဆုံး မြေရှားသတ္တုသိုက်ကို ပိုင်ဆိုင်ထားသော်လည်း ၂၀ % လောက်သာ တူးဖော်ရပါသေးတယ်။ "ယခုလက်ရှိမှာ တူးဖော် ထုတ်လုပ်သူ ၂ ဦးသာ အဆိုပြုထားသော်လည်း အစီအစဉ် အဆင်သင့်ဖြစ်ချိန်၌ အဲ့ဒါက ပြောင်းလဲသွားနိုင်ပါတယ်" လို့ အိန္ဒိယ၏ အကြီးစားစက်မှုလုပ်ငန်းနှင့် သံမဏိဝန်ကြီး က ၎င်းရဲ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါတယ်။
ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ရဲ့ အပြောအရ မြေရှားသတ္တုတွေကို တူးဖော်ခြင်းကနေ နောက်ဆုံး သံလိုက်တွေ ထွက်တဲ့အထိ လုပ်ငန်းစဉ် အစ အဆုံး လုပ်ပေးနိုင်တဲ့ ထုတ်လုပ်သူတွေကို ထောက်ပံ့ငွေများကို ပေး အပ်သွားမယ်လို့ သိရပါတယ်။ အဆိုပြုထားသော အစီအစဉ်သည် ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးတွင် ပြည်တွင်းစွမ်းရည်မြှင့်တင်ရန် မက်လုံးများပေးခြင်းဖြင့် ပုဂ္ဂလိကကုမ္ပဏီများနှင့် အများပိုင်လုပ်ငန်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ထားပါတယ်။
အစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီတစ်ခုဖြစ်သည့် India Rare Earth Limited က သံလိုက် ထုတ်လုပ်မှု တွင် ပါဝင်တဲ့ မြေရှားသတ္တု ကုန်ကြမ်းတန်ချိန် ၅၀၀ ခန့်ကို မူရင်းစက်ပစ္စည်းထုတ်လုပ်သူများ ထံသို့ ပံ့ပိုးပေး နိုင်တယ်လို့ ဆိုထားပါတယ်။ နယူးဒေလီ အစိုးရက ဧပြီလတွင် ပေကျင်းမှ ပို့ကုန်ကန့်သတ်ချက်များကို ကြေညာပြီးနောက် လျှပ်စစ်ကားများ၊ ဂျင်နရေတာများနှင့် ဟာ့ဒ်ဒရိုက်များတွင် အသုံးပြုသည့် သံလိုက်များပြုလုပ်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လိုက်တာပဲ ဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment