မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးတင့်လွင် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးတင့်လွင် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနား တက်ရောက်




မကွေး ၊  ဇူလိုင် ၁၂


မီးသတ်ဦးစီးဌာနမှကျင်းပသည့် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသခြင်းကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန်က We Love Magway အနီး ညဈေးတန်းတွင်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်‌တော်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ရေပြင်တွင် ဖြစ်ပေါ်လျက်ရှိသော ဘေးအန္တရာယ်များကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရလျှင်ရခြင်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အမြန်ဆုံးထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြဆောင်ရွက်ကြရာ၊ သရုပ်ပြတပ်ဖွဲ့မှ မြေနုကျွန်းပေါ်ရှိ ရေဘေးသင့်ပြည်သူများကို Assault Boat များအသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းမှု သရုပ်ပြသခြင်း၊ ဆီတင်သင်္ဘောမီးလောင်နေမှုအား သတင်းရရှိချိန်တွင် သင်္ဘောမီးလောင်ရာသို့ Assault Boat ၊ Fire Boat Intelligence Lifebuoy များဖြင့် Foam အမြှုပ်ဆေးရည်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေမှုတို့ကို သရုပ်ပြခြင်းနှင့် Intelligence  Lifebuoy၊  Fire Boat ၊ Speed Boat တို့ဖြင့် စီတန်းမောင်းနှင်ပြီး ဂုဏ်ပြုအလေးပြုခြင်းတို့ကို သရုပ်ပြသကြသည်။

သရုပ်ပြပွဲအပြီးတွင် တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် တာ၀န်ရှိသူများက ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုစစ်‌ဆေးခဲ့ကြသည်။


မောင်ခိုင်မင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)