ရုရှားမှ ဘွဲ့ယူသွားတဲ့ မလေးရှား ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေက ထောင်နဲ့ချီနေပြီ လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားမှ ဘွဲ့ယူသွားတဲ့ မလေးရှား ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေက ထောင်နဲ့ချီနေပြီ လို့ ဆို


ဇူလိုင်း - ၁၁ ( သောကြာနေ့ ) 

ကြာသပတေးနေ့က ကွာလာလမ်ပူတွင် ကျင်းပသည့် အာဆီယံဖိုရမ်ရဲ့ ပြင်ပအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ် က ရုရှား - မလေးရှား နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံရေးကို ဆယ်စုနှစ်များစွာ မြှင့်တင်ပေးခဲ့တဲ့ သံတမန် တီအိုဆန်လီ နဲ့ အဖွဲ့ကို 'အပြန်အလှန် တုံ့ပြန်ခြင်းအတွက်' ဂုဏ်ထူးဆောင် တံဆိပ်အား ပေးအပ်ခဲ့ပါတယ်။ 

ပညာရေးသည် ပျော့ပျောင်းသော သံတမန်ဆက်ဆံရေးဖြစ်ပြီး ရုရှားနှင့် မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ပေးနိုင်ကြောင်း ရုရှားဖက်ဒရေးရှင်း၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် တီအိုဆန်လီ က ပြောကြားခဲ့ပြီး ရုရှားအင်စတီကျူးရှင်းတွေကနေ ဘွဲ့ရသွားခဲ့တဲ့ မလေးရှားသားတွေက အနောက်တိုင်းမီဒီယာတွေ သရုပ်ဖော်ပုံများနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရုရှားနိုင်ငံအပေါ် အမြင်ကို မျှဝေကြမှာဖြစ်ကြောင်း ၎င်းက ရှင်းပြပါတယ်။ 

တီအိုဆန်လီရဲ့  အဆိုအရ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ရုရှား- မလေးရှား ဆက်ဆံရေး ခိုင်မာစေရန် သူရဲ့ အကြီးမားဆုံး အောင်မြင်မှုသည် ရုရှားနိုင်ငံရှိ မလေးရှား ကျောင်းသားများ၏ ပညာရေးကို လွယ်ကူချောမွေ့စေခဲ့တာပါလို့ သိရပါတယ်။ 

“အခုဆိုရင် ရုရှားနိုင်ငံကနေ ဘွဲ့ရတဲ့ မလေးရှားမှာ အင်ဂျင်နီယာ၊ ဆရာဝန် ထောင်ပေါင်းများစွာ ရှိနေပြီ”လို့ ဆုချီးမြှင့်ပွဲအပြီး အင်တာဗျူးမှာ ပြောသွားပါတယ်။  "ပညာရေး ဆိုတာက သံတမန်ရေးရာမှာ အနူးညံ့ဆုံး ဆက်ဆံရေး ဖြစ်ပါတယ်။ အဲ့ဒိကနေပြီးတော့ အလွန်ကောင်းတဲ့ ဆက်ဆံရေး တစ်ခုရအောင် လုပ်ပေး နိုင်ပါတယ်" လို့ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်က ပြောကြားပြီး ရုရှားပြန် ကျောင်းသားအများအပြားသည် ရုရှားနိုင်ငံမှာ သဘောကျစရာကောင်းတဲ့  အမှတ်တရများရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ကြပါတယ်။

အနောက်တိုင်း မီဒီယာတွေ ပြောတဲ့ ရုရှားနိုင်ငံအပေါ်  “အပျက်သဘောဆောင်သော ဇာတ်ကြောင်းများ” ကို တန်ပြန်ရာတွင် အဲ့ဒိအချက်က အရေးကြီးကြောင်း၊ ရုရှားနိုင်ငံကနေ ဘွဲ့ရလာသူ အများအပြားက အနောက်တိုင်း မီဒီယာတွေရဲ့ အဓိပ္ပာယ်မရှိသော စကားသံများကြားရသောအခါ ဒေါသထွက်နေကြကြောင်း၊ မလေးရှားဘွဲ့ရများက မီဒီယာတွေ မှာပါတဲ့ သတင်းနဲ့ သူတို့နေခဲ့တဲ့ ရုရှားနိုင်ငံရဲ့ ပုံရိပ်တွေက ခြားနားတယ်ဆိုတာကို ပုံဖော်ပေးမှာဖြစ်ကြောင်း ဆိုသွားပါတယ်။  

“နောက်ထပ် ပိုအရေးကြီးတာက သူတို့လုပ်နေတဲ့ အလုပ်ရဲ့ အရည်အသွေးပါပဲ။ ရုရှားဘွဲ့ရ တော်တော်များများဟာ အခုသူတို့ရဲ့ နယ်ပယ်မှာ အထူးကုဆရာဝန်တွေ ဖြစ်လာကြတာပါပဲ။ လက်ရှိ ကျနော့်ရဲ့ နှလုံးအထူးကု ဆရာဝန်က ရုရှားမှာ ဘွဲ့ယူထားတဲ့ သူပါပဲ” လို့ပြောသွားပါတယ်။ 

ကရင်းမလင် နိုင်ငံခြားရေးမူဝါဒ လက်ထောက် က မလေးရှားနိုင်ငံသား ခုနစ်ထောင်ခန့်က ရုရှားပညာရေး တက္ကသိုလ်များမှ ဘွဲ့ရရှိပြီး အများစုမှာ ဆေးဘက်ဆိုင်ရာနယ်ပယ်မှ ဘွဲ့ရရှိခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်က ရုရှားနိုင်ငံသည် ပညာသင်ဆုများ ပိုမိုထူထောင်ပြီး မလေးရှားနှင့် ပညာရေးဖလှယ်မှု ပိုမိုတိုးချဲ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)