ဇူလိုင် - ၁၁ ( သောကြာနေ့ )
ထရမ့်နေထိုင်တဲ့ မာအာလာဂို နေအိမ်အတွင်း နေပူဆာလှုံနေချိန်မှာ ဒရုန်းနဲ့လုပ်ကြံမယ်ဆိုပြီး အီရန်အရာရှိတစ်ဦးရဲ့ စကားကို ထရမ့်က ပယ်ချ ငြင်းဆိုလိုက်ပါတယ်။
အီရန်ထိပ်တန်းခေါင်းဆောင်ရဲ့ အကြီးတန်းအကြံပေး ဂျာဗစ်လာရီဂျနီ က အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုအတွင်း "ထရမ့်တစ်ယောက် မာအာလာဂိုမှာ နေပူဆာလှုံနေတုန်း ဒရင်းဘတ်ပေါ်မှာ သူလှဲနေလိမ့်မယ်။ အဲ့ဒိအချိန် ဒရုန်တစ်စင်း ဝင်လာပြီး သူ့ကို လည်ပင်းဖြတ်ပစ်လိုက်လိမ့်မယ်။ အဲ့လို ရိုးရိုးလေး နဲ့ သူ အဆုံးသတ်သွားလိမ့်မယ်” လို့ ပြောသွားပါတယ်။ အဲ့ဒိလိုခြိမ်းခြောက်မှုက အီရန်ခေါင်းဆောင် အယာတိုလာ ခိုမေနီ က ထရမ့်ကို "ဘုရားသခင်ရဲ့ရန်သူ" လို့ ကြေညာပြီးနောက် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
“အစ္စလာမ္မစ်နိုင်ငံများက ရန်သူကို ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် ပံ့ပိုးမှုမှန်သမျှကို တားမြစ်ထားပါတယ်၊ ရန်သူများကို ဆန့်ကျင်ရာတွင် အခက်ကြုံနေရသော မွတ်စ်လင်မ်များကို “ဘုရားသခင်အလိုရှိတော်မူသော လမ်းတော်၌ တိုက်ခိုက်ရေးသမားအဖြစ် ဆုချမယ်” လို့ ၎င်းက ဆိုပါတယ်။
ထရမ့်ကတော့ နေပူဆာလှုံနေတဲ့ ပုံကို ဆိုရှယ်မီဒီယာပေါ်တင်ပြီး "ဒီလိုတွေ ပြောနေတာ တော်တော်ကြာပါပြီ။ ၇နှစ် လောက်ရှိပြီထင်တယ်။ ကျွန်တော်က သိပ်အထင်မကြီးပါဘူး။ ဒါက ခြိမ်းခြောက်မှုလို့ ထင်ပါတယ်။ အဲဒါက ခြိမ်းခြောက်မှုလို့ အတိအကျ မသိပေမဲ့ ဖြစ်ကောင်းလည်း ဖြစ်နိုင်မှာပေါ့" ဆိုပြီး ရီနေတဲ့ပုံကိုပါတင်လိုက်ပါတယ်။
အမေရိကန်လျှို့ဝှက်ဝန်ဆောင်မှုဌာနတွေကတော့ ခြိမ်းခြောက်မှုများအပေါ် သီးခြား မှတ်ချက်မပေးသော်လည်း အရာရှိတစ်ဦးက "ကျနော်တို့က အလွန်ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုပတ်ဝန်းကျင်မှာ အလုပ်လုပ်နေရပါတယ်။ သမ္မတနှင့် ကျနော်တို့ အကာအကွယ်ပေးနေရတဲ့ သူတွေ အားလုံးရဲ့ လုံခြုံရေး က ကျနော်တို့အတွက် အမြင့်ဆုံးဦးစားပေးအဖြစ် ရှိနေပါတယ်" လို့ ဆိုပါတယ်။
REF: Hindustan times
https://t.me/MyanmarNationalPost



No comments:
Post a Comment