တရုတ်စီးပွားရေးက မနှစ်ကထက်တောင် ပိုကောင်းနေပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်စီးပွားရေးက မနှစ်ကထက်တောင် ပိုကောင်းနေပါတယ်



ဇူလိုင် - ၂၂ ( အင်္ဂါနေ့ ) 

အီးယူ၊ အမေရိကန်တို့နှင့် ကုန်သွယ်ရေးတင်းမာမှုများ တိုးမြင့်လာနေသော်လည်း အမျိုးသားစာရင်းအင်းဗျူရို (NBS) ရဲ့ အဆိုအရ ယခုနှစ် ပထမခြောက်လတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ပါက ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုးတက်မှုနှုန်းက ပထမသုံးလပတ်တွင် ၅.၄% သို့ရောက်ရှိခဲ့ပြီး ဒုတိယသုံးလပတ်မှာတော့ ၅.၂ % သို့ အနည်းငယ်နှေးကွေးခဲ့ပါတယ်။ ဒါပေမဲ့ ရိုက်တာသတင်းဌာနရဲ့ ခန့်မှန်းချက်ကတော့ အနည်းဆုံး ၅.၁ % တက်တာကတော့ အမှန်ပဲလို့ သိရပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်မှုအရကတော့ တရုတ်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းက ၂၀၂၅မှာ ၄.၅ % နဲ့ ၂၀၂၆ မှာ ၄ % ရှိလာမယ်လို့ မှန်းထားပါတယ်။ 

ဇွန်လတုန်းက တရုတ်- အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ  ပဏာမရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ ပြီးနောက် ကာလရှည် အကောက်ခွန်သဘောတူညီချက်တစ်ခုရရှိရန် ဩဂုတ်လ ၁၂ ရက် နောက်ဆုံးထားပြီး တင်သွင်းရမယ့် ကိစ္စကိုတော့ ဘေဂျင်းအစိုးရက ရင်ဆိုင်နေရပါတယ်။ 

နောက်ဆုံး ကုန်သွယ်ရေး ဆွေးနွေးပွဲများသည် သတိထား တိုးတက်မှုကို ပြသခဲ့ပါတယ်။ အမေရိကန်ဘက်က Nvidia AI ချစ်ပ်များ တင်ပို့မှုကို ပြန်လည်စတင်ချိန်မှာ တရုတ် မြေရှားသတ္တုတင်ပို့မှုများပေါ်တွင် ထိန်းချုပ်မှု လျှော့ချခြင်း အပါအဝင် ကန့်သတ်လိုက်လျောမှုများကို တရုတ်က သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာများနှင့်ပတ်သက်တဲ့ အဓိကပြဿနာများကို မဖြေရှင်းနိုင်သေးပါဘူး။ တကယ်လို့ သဘောတူညီမှု မရပါက၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ၁၀၀ % ထက်ကျော်လွန်သော အခွန်စည်းကြပ်မှုများ အသစ်ပြန်လည် ကောက်ခံတာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ 

အီးယူ နဲ့ တရုတ်ကြား အခွန်တိုးမြှင့် ကောက်ခံမှုတွေကို အချို့ကိစ္စရပ်တွေမှာ ဖြေလျှော့မှုတွေ လုပ်လာကြပါတယ်။ တရုတ်အနေဖြင့် အီယူကတင်သွင်းတဲ့ အရက်တွေ နဲ့ မော်တော်ကားတွေပေါ်မှာ အခွန်လျှော့ကောက်လာသလို အီးယူကလည်း တရုတ်လျှပ်စစ်ကားတွေ နဲ့ မြေရှားသတ္တု တင်သွင်းမှုတွေ ပေါ်မှာ အခွန်ကောက်ခံမှု  လျှော့လာပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)