၂၀၂၅ အကုန်မှာ ရုရှား - ယူကရိန်းစစ်က ပြီးသွားလောက်တယ်လို့ စစ်ထောက်လှမ်းရေး ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ အကုန်မှာ ရုရှား - ယူကရိန်းစစ်က ပြီးသွားလောက်တယ်လို့ စစ်ထောက်လှမ်းရေး ဆို


ဇူလိုင် - ၁၂ ( စနေနေ့ ) 

ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေးသည် ယခုနှစ်ကုန်တွင် အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲ ကီရေး ဘူဒါနော့ဗ် က ပြောကြားကြောင်း သောကြာနေ့ထုတ် ဘလွန်းဘာဂ် သတင်းဌာန တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပါရှိပါတယ်။ 

ရုရှားနိုင်ငံ ကာ့စ်ဒေသသို့ ၂၀၂၄ ခုနှစ်တုန်းက ကျုးကျော်ဝင်ရောက်ပြီးနောက် ယူကရိန်းတပ်များသည် ရှေ့တန်းမြေပြင် နေရာတော်တော်များများမှာ ဆက်တိုက်ဆုံးရှုံးမှုတွေ ကြုံနေရပြီး နောက်ထပ် ကုန်ကျစရိတ်တွေ တိုးလာနိုင်တာဖြစ်လို့ ကြီးစွာကျရှုံးမှုကြောင့် စစ်ပွဲကို အဆုံးသတ်သွားစေနိုင်ပါတယ် လို့ ၎င်းက မှတ်ချက်ချ ခဲ့ပါတယ်။ လောလောဆယ်မှာလည်း ယူကရိန်းစစ်တပ်က စစ်မှုထမ်းအသစ်များ ခေါ်ယူရတဲ့ ကိစ္စက ရုန်းကန်နေရပါတယ်။ 

ဘူဒါနော့ဗ်ကို ကိုးကားပြီး ဘလွန်းဘာ့ဂ်အဆိုအရ  "အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ရလိမ့်မယ်။  ဒီနှစ်မကုန်ခင်မှာ ပဲ ပြီးသွားနိုင်ပါတယ်" လို့ သိရပါတယ်။ "အဲဒါကို လက်တွေ့ကျကျလုပ်ဖို့ ပဲ လိုတာပါ။ မခက်ပါဘူးဗျာ ၊ ယူကရိန်း၊ ရုရှားနဲ့ အမေရိကန်တို့ အနည်းဆုံး သုံးဘက်စလုံး ညှိနိုင်ဖို့ပဲ လိုတာပါ။ ပြီးရင် ကျနော်တို့ အကောင်းဆုံးတွေကို လုပ်လို့ ရလောက်ပါပြီ" လို့ ပြောသွားပါတယ်။ 

မော်စကိုကတော့ ချက်ခြင်း ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ပယ်ချခဲ့ပြီး ကိယက်ဗ်ကို အနောက်အုပ်စု ကျောထောက်နောက်ခံတွေက စစ်လက်နက်တွေ ထောက်ပံ့နေတာ ရုပ်သိမ်းရေး အပါအဝင် အချက်အလက်အများအပြားကို တောင်းဆိုထားပါတယ်။ ယူကရိန်းတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ ဆိုတဲ့ အကြောင်းပြချက်နဲ့ နေတိုးတပ်များ ထားရှိခြင်းကို မော်စကိုက လုံးဝ လက်ခံမည်မဟုတ်ကြောင်း သတိပေးထားပါတယ်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ် က တူရကီနိုင်ငံမှာ တတိယအကြိမ်မြောက် တိုက်ရိုက်ဆွေးနွေးပွဲကို နှစ်ဖက်စလုံးက စီစဉ်ဆောင်ရွက်နေကြောင်း ယခုသီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက ရောမမြို့တွင် ဇွန်လ ၂ ရက်က ညှိနှိုင်းမှုအတွင်း အကျဉ်းသားလဲလှယ်ရေးဆိုင်ရာ ညှိနှိုင်းမှုအတွင်း သဘောတူညီထားသည့် အကျဉ်းသားလဲလှယ်မှုကို ပထမဆုံး အပြီးသတ်ပြီးမှ နောက်ထပ်ဆွေးနွေးမှုတွေကို လုပ်မယ်လို့ ဆိုထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)