ဇူလိုင် - ၁၂ ( စနေနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အာဖရိကခေါင်းဆောင်များအား ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ကာ အမေရိကန်လက်နက်များ ပိုမိုဝယ်ယူရန် တိုက်တွန်းခဲ့ပြီး အမေရိကန်လက်နက်တွေက “ကမ္ဘာ့အကောင်းဆုံး စစ်လက်နက်ပစ္စည်းများ” ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ထရမ့်သည် လိုက်ဘေးရီးယား၊ ဆီနီဂေါ၊ ဂါဘွန်၊ မော်ရီတေးနီးယားနှင့် ဂီနီဘစ်ဆောတို့၏ သမ္မတများကို အိမ်ဖြူတော်၌ ဗုဒ္ဓဟူးနေ့က အိမ်ရှင်အဖြစ် လက်ခံပြီး ဗီဒီယိုအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ မကြာသေးမီက အီရန်ကို အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုများလုပ်ခဲ့စဉ်က အမေရိကန်လုပ်လက်နက်များ၏ သာလွန်ကောင်းမွန်မှု၏ သက်သေအဖြစ် ကိုးကားဖော်ပြခဲ့ပါတယ်။
“ဒီကနေ့ နိုင်ငံတွေကို ကာကွယ်ရေးမှာ ပိုကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ ကျနော်တို့ တိုက်တွန်းပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အကောင်းဆုံး ကာကွယ်ရေး ပစ္စည်းတွေကို ဖန်တီးတဲ့အတွက် ကျနော်တို့ရဲ့ စက်ပစ္စည်းတွေကို ဝယ်ယူဖို့ မျှော်လင့်ပါတယ်” ဟု အမေရိကန် ခေါင်းဆောင်က ပြောကြားခဲ့သည်။
အာဖရိကနိုင်ငံအများအပြားက ၎င်းတို့ရဲ့ ရိုးရာအနောက်တိုင်းမိတ်ဖက်များနှင့် ဝေးကွာလာပြီး လုံခြုံရေး အကူအညီအတွက် ရုရှားဘက်ကို ဦးလှည့်လာနေသည့်အချိန်တွင် ထရမ့်က အဲ့ဒိ မှတ်ချက်ကိုပေးလိုက်တာပဲ ဖြစ်ပါတယ်။
နိုင်ဂျာနိုင်ငံက ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အာဏာသိမ်းပြီးနောက် ဝါရှင်တန်နှင့် ၎င်း၏ စစ်ရေး သဘောတူညီချက် ကို ရပ်ဆိုင်းခဲ့ပြီး အမေရိကန်တပ်များ ဆုတ်ခွာသွားကာ ဒေါ်လာ သန်း ၁၀၀တန်ဖိုးရှိတဲ့ မောင်းသူမဲ့ လေယာဉ် စခန်းကို ပိတ်ပစ်ခဲ့ရပါတယ်။ ဆာဟာရဒေသတွင် ကာလရှည်ကြာ ဖြစ်ပွားနေသည့် ဂျီဟတ်သူပုန်များကို တိုက်ဖျက်ရန် အမေရိကန်က ၎င်း၏ ကတိများကို ဖြည့်ဆည်းပေးရန် ပျက်ကွက်သည်ဟု နိုင်ဂျာ အာဏာပိုင်များက စွပ်စွဲထားပြီးနောက် ရုရှားစစ်တပ်လေ့ကျင့်ရေးဆရာများနှင့် စက်ပစ္စည်းများကို နောက်ပိုင်းတွင် တပ်ဖြန့်ချထားခဲ့ပါတယ်။
ချဒ်နိုင်ငံကလည်း ၂၀၂၄ တွင် အမေရိကန် အထူးတပ်ဖွဲ့ဝင်များကို နှင်ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြင်သစ်နဲ့ ကာလကြာရှည် ကာကွယ်ရေး သဘောတူညီချက်ကို တရားဝင် ရပ်ဆိုင်းခဲ့ပြီး ချဒ်၏ လက်ရှိ လုံခြုံရေး လိုအပ်ချက်နှင့် အချုပ်အခြာအာဏာနှင့် ကိုက်ညီမှုမရှိဟု တာဝန်ရှိသူများက ဖော်ပြခဲ့ပါတယ်။
ဆာဟာရ နိုင်ငံများက ရုရှားအား ပိုမိုယုံကြည်စိတ်ချရသော ကာကွယ်ရေးမိတ်ဖက်အဖြစ် ချီးကျူးခဲ့ကြပြီး မော်စကိုနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုအတွင်း ထရမ့် က အကြမ်းဖက်ဝါဒကို အာဖရိက၏ “ကြီးမားသောပြဿနာ” အဖြစ် ဖော်ပြခဲ့ပြီး ယင်းကို တိုက်ဖျက်ရန် ဆက်လက်ကြိုးပမ်းရန် တောင်းဆိုခဲ့ပါတယ်။ အမေရိကန် တာဝန်ရှိသူများသည် “ကြီးမားသော ကြွယ်ဝချမ်းသာမှု” နှင့် အလားအလာရှိတဲ့ ကြွယ်ဝသော တိုက်ကြီးရှိ နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
"အခြားနေရာအနည်းငယ်လိုပဲ အာဖရိကမှာ စီးပွားရေးအလားအလာကောင်းတွေ ရှိနေပါတယ်။ ရေရှည်မှာ၊ ဒါက ကျွန်တော်တို့ အတူတကွလုပ်ဆောင်နိုင်တဲ့ တခြားအရာတွေထက် ပိုထိရောက်ပြီး ရေရှည်အကျိုးရှိမှာပါ။ ခင်ဗျားတို့ရဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ခင်ဗျားတို့ တစ်ယောက်ချင်းစီနဲ့ လက်တွဲလုပ်ဆောင်ဖို့ စိတ်အားထက်သန်နေပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
တုံ့ပြန်သည့်အနေဖြင့် အာဖရိကသမ္မတ ငါးဦးက ထရမ့်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ချီးကျူးခဲ့ကြပြီး ၎င်းတို့၏ နိုင်ငံများတွင် မတူးဖော်ရသေးတဲ့ သဘာဝအရင်းအမြစ်များတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် တောင်းဆိုခဲ့ပါတယ်။
မော်ရီတေးနီးယားသမ္မတ က ၎င်း၏ နိုင်ငံ တွင် မြေရှားသတ္တုတွေဖြစ်တဲ့ မန်းဂနိစ်၊ ယူရေနီယံနှင့် လစ်သီယမ်များတူးဖော်ဖို့ ဖြစ်နိုင်ချေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများစွာ အပါအဝင် အရင်းအမြစ်များစွာ ရှိကြောင်း ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment