အိန္ဒိယ လေယာဉ်ပျက်ကျမှု ကနဦး စုံစမ်းစစ်ဆေးချက် အစီရင်ခံစာအရ အင်ဂျင်နှစ်လုံး လောင်စာဆီပံ့ပိုးမှု ပြတ်တောက်သွားခဲ့သည်ဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ လေယာဉ်ပျက်ကျမှု ကနဦး စုံစမ်းစစ်ဆေးချက် အစီရင်ခံစာအရ အင်ဂျင်နှစ်လုံး လောင်စာဆီပံ့ပိုးမှု ပြတ်တောက်သွားခဲ့သည်ဟုဆို



နယူးဒေလီ၊ ဇူလိုင် ၁၂ 

အိန္ဒိယ လေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (ABI) သည် လွန်ခဲ့သည့်တစ်လက Air India လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှင့်စပ်လျဉ်း၍ ဇူလိုင် ၁၂ ရက်တွင် ကနဦး စုံစမ်းစစ်ဆေးချက် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အဆိုပါ မတော်တဆဖြစ်မှုတွင် ပါဝင်သည့် ခရီးသည်တင်လေယာဉ်သည် စတင်ပျံသန်းပြီးနောက်မကြာမီတွင် အင်ဂျင်နှစ်လုံး လောင်စာဆီပံ့ပိုးမှု ပြတ်တောက်သွားခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

ခရီးသည်တင်လေယာဉ် မပျက်ကျခင် အင်ဂျင်နှစ်လုံး လောင်စာဆီ စီးဆင်းမှုပမာဏအား ထိန်းချုပ်သည့် အဖွင့်အပိတ်ခလုတ်သည် တစ်စက္ကန့်အတွင်း “လည်ပတ်သည်” မှ “ဖြတ်တောက်သည်” နေရာသို့ ရှေ့ဆင့်နောက်ဆင့် ရွှေ့ပြောင်းသွားကြောင်း၊ မောင်းနှင်ခန်းအတွင်းရှိ အသံမှတ်တမ်းတင်စက်၏ အသံဖိုင်တွင် လေယာဉ်မှူးတစ်ဦးက “ဘာဖြစ်လို့ လေယာဉ်ကိုဆီပေးနေတာ ဖြတ်ရတာလဲ” ဟု မေးမြန်းနေပြီး အခြားလေယာဉ်မှူးတစ်ဦးက “ငါမလုပ်ပါဘူး” ဟု ပြန်လည်ဖြေကြားနေသည်ကို ကြားရကြောင်း အစီရင်ခံစာက ဆိုထားသည်။ 

ခရီးသည်တင်လေယာဉ် ပျက်ကျချိန်တွင် အဖွင့်အပိတ်ခလုတ်နှစ်ခုလုံး “လည်ပတ်” သည့်နေရာသို့ ပြန်ရွှေ့ထားပြီးဖြစ်ကြောင်း၊ ၎င်းအနက်အင်ဂျင်တစ်လုံးက ပြန်လည် လည်ပတ်လာသည့် အရိပ်အယောင် ရှိသော်လည်း နောက်ဆုံးတွင် ပြန်လည်ကယ်ဆယ်၍မရတော့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထိုကာလအတွင်း လေယာဉ်မှူးတစ်ဦးက “MAYDAY MAYDAY MAYDAY” ဟူသည့် အကူအညီတောင်းခံသည့် အချက်ပြမှုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပြီး အဆိုပါဖြစ်စဉ်သည် အနာဂတ်စုံစမ်းစစ်ဆေးမှု၏ အဓိကအချက်ဖြစ်လိမ့်မည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

လေယာဉ်၏ အရေးပေါ်တုံ့ပြန်မှု စွမ်းအင်ဖိအား လေတာဘိုင်သည် ခရီးသည်တင်လေယာဉ် စတင်ပျံသန်းပြီးနောက် ချက်ချင်းအလုပ်လုပ်ခဲ့သည်ကို လေဆိပ်စောင့်ကြည့်ရေးကင်မရာဗီဒီယိုမှ တွေ့မြင်ရပြီး ယင်းမှာ ခရီးသည်တင်လေယာဉ်သည် မောင်းနှင်အား ပြတ်တောက်သွားသည်ကို ဖော်ပြနေကြောင်း၊ ပျံသန်းရာလမ်းကြောင်း အနီးတစ်ဝိုက်တွင် သိသာထင်ရှားသော ငှက်များ လှုပ်ရှားသွားလာမှုကို မတွေ့ရှိရကြောင်း၊ ခရီးသည်တင်လေယာဉ်သည် လေဆိပ်ခြံစည်းရိုးအား ပျံသန်းမှု မကျော်လွန်မီအချိန်မှစ၍ စတင်နိမ့်ဆင်းလာကြောင်း အစီရင်ခံစာက ဆိုထားသည်။

အဆိုပါ ခရီးသည်တင်လေယာဉ် မတော်တဆမှုဖြစ်ပွားချိန်တွင် လေယာဉ်တောင်ပံရွက်ကိရိယာ Flap နေရာထားရှိမှုနှင့် လေယာဉ်ရှေ့ဘီးနေရာတို့သည် ပုံမှန်အခြေအနေ၌ ရှိကြောင်း အစီရင်ခံစာက တစ်ချိန်တည်းတွင် ဆိုထားသည်။

အိန္ဒိယနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပျံသန်းသည့် Air India လေကြောင်းလိုင်းကုမ္ပဏီ၏ ဘိုးရင်း (Boeing) 787-8 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇွန် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad လေဆိပ်မှ စတင်ပျံသန်းထွက်ခွာပြီးမကြာမီ ပျက်ကျခဲ့သည်။ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် စုစုပေါင်း လူ ၂၇၄ ဦး သေဆုံးခဲ့ရပြီး ၎င်းအနက် မြေပြင်မှ ၃၃ ဦးပါဝင်ကြောင်း အိန္ဒိယမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ 


REF: (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)