မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ နို့စားနွားမွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ နို့စားနွားမွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု





ချောင်းဆုံ၊ ဇူလိုင် ၁၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရန် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ၁၀-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက တိုးချဲ့ရပ်ကွက်ရှိ နို့စားနွားမွေးမြူရေးခြံနှင့် နတ်မှော်ကျေးရွာ၊ နတ်မှော်ကွင်း၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ တိုးချဲ့ရပ်ကွက်ရှိ ဦးမြင့်အေး၏ နို့စားနွား(ဖရီရှန်)မျိုးကောင်ရေ (၅၈)ကောင် မွေးမြူရေးဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီးနောက် နို့စားနွား စီးပွားဖြစ်မွေးမြူရေးခြံလုပ်ငန်းအားကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ နတ်မှော်ကျေးရွာ၊ နတ်မှော်ကွင်း၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ မိုးစပါးစိုက်ပျိုးခြင်းကို ၂၀၂၅ ခုနှစ်အတွင်း ချောင်းဆုံမြို့နယ်၌ မိုးစပါး(၆၅၃၀၉)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၃)ရက်နေ့အထိ မျိုးစေ့ချကိရိယာဖြင့် (၁၅၁၅)ဧက စိုက်ပျိုးခဲ့ပြီး စုစုပေါင်း မိုးစပါးစိုက်ဧက (၃၉၇၂၅)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရာသီအတွင်း လျာထားချက်များအတိုင်း စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာတာန်ရှိသူများနှင့် တောင်သူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကိုကျော် (ချောင်းဆုံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)