ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ မိုးရာသီအားကစားပြိုင်ပွဲ တက်ရောက်ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ မိုးရာသီအားကစားပြိုင်ပွဲ တက်ရောက်ဆုချီးမြှင့်

 


နေပြည်တော်၊ ဇူလိုင် ၁၂

အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) မိုးရာသီအားကစားပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ဇူလိုင် ၈ ရက် ညနေပိုင်းကကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ရန်ကုန်မြို့ရှိ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းတို့မှ ကျောင်းသားများ ပူးပေါင်းပါဝင်သော ညွန့်ပေါင်း (က) အသင်းနှင့် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) တို့မှ ကျောင်းသားများ ပူးပေါင်းပါဝင်သော ညွန့်ပေါင်း (ခ) အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ကြောင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းယှဉ်ပြိုင်ကြရာ ညွန့်ပေါင်း (က) အသင်းက ညွန့်ပေါင်း (ခ) အသင်းကို ကိုးဂိုး-ရှစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဒုတိယဝန်ကြီးနှင့် ကျောင်းအုပ်ကြီးများက ဆုရအသင်းသားများထံ ဆုတံဆိပ်များ၊ ဂုဏ်ပြုငွေသားဆုများနှင့် ဆုဖလားတို့ကို ဂုဏ်ပြုချီးမြှင့်ပြီး ဒုတိယဝန်ကြီးက ဆုရရှိသည့် ကျောင်းသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကျောင်းသားများ၏ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)