ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပုသိမ်မြို့တွင် (၂၁)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပုသိမ်မြို့တွင် (၂၁)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူ










ပုသိမ်၊ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ (၂၁)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့ နံနက်(၄)နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ(ဒေါ်လှယဉ်ဓမ္မာရုံ)တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်၍ အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။ 

ဦးစွာ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်(၁၆၀)တွင် ဝါဆိုဝါကပ်တော်မူပြီး အရုဏ်ဆွမ်းခံ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်(၂၅၅၂)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက အရုဏ်ဆွမ်းများ လောင်းလှူပူဇော်ခဲ့ကြပြီးနောက် ဝါတွင်းကာလ အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနား အား ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ) ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ဆက်လက်၍ ဆွမ်းအာဟာရအလှူရှင် တိုင်းဒေသကြီးအစိုးရအဖွဲ့အား မြို့နယ်လုံးဆိုင်ရာ သာသနာ့ အကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌက ဆွမ်းအာဟာရအလှူရှင် အနုမောဒနာဂုဏ်ပြုလွှာ ပေးအပ် ချီးမြှင့်ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)ဘဒ္ဒန္တသောဘိတ  အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ် သတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲဝင်ဝန်ကြီးများက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပုသိမ်မြို့(၂၁)ကြိမ် မြောက် မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲကို ဝါတွင်းကာလတစ်လျှောက် စေတနာရှင်အလှူများမှနေ့စဉ် လောင်းလှူသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)