ကွာလာလမ်ပူ၊ ဇူလိုင် ၁၂
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇူလိုင် ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် ခေတ်ကာလသစ် တရုတ်-အမေရိကန် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းတစ်ခုကို အတူတကွရှာဖွေရန် ဝမ်ရိ က ပြောကြားလိုက်သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ရန် တရုတ်နိုင်ငံ၏ အခြေခံမူနှင့် ရပ်တည်ချက်ကို ဘက်စုံရှင်းလင်းပြောကြားခဲ့ရာ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီး သဘောတူညီချက်ကို အသေးစိတ်မူဝါဒနှင့် လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။ အမေရိကန်ဘက်က တရုတ်နိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်ကျမှု၊ ဆင်ခြင်တုံတရားရှိမှု၊ လက်တွေ့ကျမှုရှိသော သဘောထားဖြင့် ရှုမြင်ဆက်ဆံရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးဖော်ဆောင်မှုကို ရည်မှန်းချက်အဖြစ်ထားရှိကာ တရုတ်နိုင်ငံအပေါ် မူဝါဒကို ရေးဆွဲရန်၊ တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု နည်းလမ်းဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရန်၊ ခေတ်ကာလသစ် တရုတ်-အမေရိကန် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းတစ်ခုကို အတူတကွရှာဖွေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုမှာ တက်ကြွမှု၊ လက်တွေ့ကျမှု၊ အပြုသဘောဆောင်မှုရှိကြောင်း နှစ်ဖက်စလုံးက တစ်ပြေးညီ ယူဆကြရာ သံတမန်ရေးနည်းလမ်းနှင့် ကဏ္ဍစုံ၊ အလွှာစုံ ဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသလို နှစ်နိုင်ငံဆက်ဆံရေးကို တွန်းအားပေးရာတွင် နိုင်ငံခြားရေးဌာနများ၏ အခန်းကဏ္ဍကို အသုံးပြုရန်၊ ကွဲလွဲမှုများကို စီမံထိန်းချုပ်သည့် တစ်ချိန်တည်းတွင်ပင် ပူးပေါင်းဆောင်ရွက်ကဏ္ဍများ ချဲ့ထွင်ရေး ကြိုးပမ်းရှာဖွေဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost

No comments:
Post a Comment