အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ






နေပြည်တော်၊ ဇူလိုင် ၈ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကော်မရှင်ရုံးစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုကာ ဖွင့်လှစ်ပြီးတက်ရောက်ကြသူများက သပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး သပြေအေးမိုးကုတ် ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ 

ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)