ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ် အတွင်းရှိ ရန်ကုန် – ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ် အတွင်းရှိ ရန်ကုန် – ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး





နေပြည်တော်၊ ဇူလိုင် ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီး စဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် ရေစီး ရေလာကောင်း မွန်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် လမ်းဘေး ဝဲယာ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအဆင့်မြှင့်တင်မှုနှင့် လူသွားစင်္ကြန် တည်ဆောက်လျက်ရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးဝဲယာ၌ သန့်ရှင်းသာယာပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံရေးဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများပိတ်ဆို့မှုမရှိစေရေး၊ ရေထွက်ပေါက်များမှ ရေများအလွယ်တကူစီးဆင်းသွားနိုင်ရေး စနစ်တကျတွက်ချက် ၍တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်တုန်းလမ်းတစ်လျှောက်နှင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းတစ်လျှောက် ရေနုတ်မြောင်းများ အဆင့်မြှင်တင် ဆောင်ရွက်လျက်ရှိမှု၊မော်တော် ကားလမ်းတိုးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)