(၆၄)ကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၄)ကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစည်းအဝေး ကျင်းပ




နေပြည်တော်၊ ဇူလိုင် ၂၀

(၆၄)ကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအစည်းအဝေးကို ယနေ့ (၂၀-၇-၂၀၂၅) ရက်နေ့မှာ လယ်ဝေးမြို့၊ ရွှေအင်တောင်မဟာစည်သာသနာ့ရိပ်သာမှာ နေပြည်တော် (၈)မြို့နယ်မှ အမျိုးသားရေး သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ အစည်းအဝေး ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျောင်း ဆရာတော်ဘုရားကြီးရဲ့ သြဝါဒကို နာယူခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ (၆၄)ကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကျင်းပမည့်နေရာ၊ လှည့်လည်ပူဇော်မည့် လမ်းကြောင်းနှင့် သွားရောက်ပူဇော်မည့် ဘုရားကို တိုင်ပင်ဆုံးဖြတ်ကြရာမှာ လယ်ဝေးမြို့၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးတွင် နံနက်ပိုင်းအခမ်းအနားအဖြစ် ဖျော်ဖြေရေးနှင့် နိုင်ငံတော်ဘာသာနေ့အကြောင်း သိကောင်းစရာ အစီအစဉ်များ ဟောပြောခြင်း၊ လှည့်လည်ပူဇော်ရာတွင် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိပူဇော်နိုင်ရန် ရည်ရွယ်၍ အောင်းကုန်းရွာ ရှေးဟောင်းကျောင်းတော်ကြီးမှ ဘောဂသီရိကားကွင်း - နှင်းဆီပန်းအဝိုင်းမှ ပျဉ်းမှ မြို့တွင်းသို့ ဝင်ရောက်လှည့်လည်ကာ သပြေကုန်းအဝိုင်းအထိ - ထိုမှ ဧရာဝတီလမ်းအတိုင်း ပြန်လည်ဝင်ရောက်၍ ရန်အောင်မြင်ဘုရားအထိ လှည့်လည်ပူဇော်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ဆက်လက်ပြီး လယ်ဝေးမြို့နယ်အတွင်း လှည့်လည်နိုင်ရန်လည်း ဆွေးနွေးတိုင်ပင်ကြသည်။

အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ယမန်နှစ်က လက်ကျန်ငွေ သိန်း(၂၀)၊ (၈)မြို့နယ်မှ သံဃာတော်များက တစ်မြို့နယ် (၅)သိန်း မတည်လှူဒါန်းကြပြီး နေပြည်တော်အမျိုးသားရေးအဖွဲ့မှ (၁၀) သိန်း ပါဝင်လှူဒါန်းသည်။ (၆၄)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်လှူဒါန်းလိုပါက ဦးပညာ၊ ဦးနေမိန္ဒ၊ ဦးသုမန တို့ထံ ဆက်သွယ်၍ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားမတိုင်မီ ဝါခေါင်လဆန်း (၉)ရက်နေ့ နောက်ဆုံးထားပြီး ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

အစည်းအဝေးကို နိုင်ငံတော်ဘာသာနေ့အတွက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးတိုင်ပင်ကြပြီးနောက် အခမ်းအနားတွင် လယ်ဝေးမြို့၊ မြို့မဈေးရှေ့ ဗလီနှင့် ဗုဒ္ဓဘာသာဝင်နေအိမ် ဖြစ်ပေါ်လျက်ရှိသော အခြေအနေကို ကာယကံရှင် မိသားစုဝင်များက လာရောက်လျှောက်ထားတင်ပြသည်။ ဖြစ်စဉ်ဖြစ်ရပ်နှင့် ပတ်သက်၍ ရွှေအင်တောင်ဆရာတော် က ကူညီဆောင်ရွက်ပေးခဲ့သည့်အခြေအနေများကို ဖြည့်စွက်မိန့်ကြားပြီး ဆရာတော် သံဃာတော်အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ပြဿနာရှာလာခဲ့သည်ရှိသော် ဆရာတော်များထံ အချိန်နှင့်တပြေးညီ ဆက်သွယ်အကြောင်းကြားရန် အားလုံးရှေ့မှောက်တွင် ပြဿနာပေါ်ပေါက်နေသည့် မိသားစုဝင်များက မိန့်ကြားသည်။

ထို့နောက် အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်ပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)