နေပြည်တော်၊ ဇူလိုင် ၂၀
ဝက်လက်မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများ၏ လစာများ ထုတ်ပေးခြင်းမရှိကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြမှုများနှင့် ပက်သက်၍ မြန်မာနေရှင်နယ်ပို့စ်မှ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပညာရေးဝန်ကြီးဌာန က အောက်ပါအတိုင်း စိစစ်၍ ပြန်လည်ဖြေကြားထားသည်။
ပညာရေးဝန်ကြီးဌာနမှ စိစစ်တွေ့ရှိချက်အား ပြန်ကြားပေးခြင်း -
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အခြေခံပညာကျောင်း အထက်တန်းဆင့်(၂၁)ကျောင်း၊ အလယ်တန်းဆင့်(၉၂)ကျောင်းနှင့် မူလတန်းဆင့်(၆၉)ကျောင်း၊ စုစုပေါင်း (၁၈၂)ကျောင်းရှိသည့်အနက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အထက်တန်းဆင့် (၁) ကျောင်း၊ အလယ်တန်းဆင့် (၃)ကျောင်းနှင့် မူလတန်းဆင့်(၁)ကျောင်း၊ စုစုပေါင်း(၅)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မဖွင့်လှစ်နိုင်သည့်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်း များကို ဝက်လက်မြို့နယ်ပညာရေးမှူးရုံးနှင့် ဒေသနှင့်နီးစပ်သော ကျောင်းဖွင့်လှစ်နိုင် သည့် ရွှေဘိုမြို့နှင့် စစ်ကိုင်းမြို့များတွင် တွဲဖက်တာဝန်ထမ်းဆောင်ရန် တာဝန်များပေးအပ်ခဲ့ပါကြောင်း၊
ل။ ဖွင့်လှစ်နိုင်ခြင်းမရှိသည့်ကျောင်းများမှ ဝန်ထမ်းများအား စစ်ကိုင်းမြို့နယ်တွင် (၁၂)ဦး၊ ရွှေဘို မြို့နယ်တွင် (၂၃၈)ဦး၊ ဝက်လက်မြို့နယ်ပညာရေးမှူးရုံးတွင် (၁၆)ဦး၊ စုစုပေါင်း (၂၆၆)ဦး ကို ယာယီ တွဲဖက် တာဝန်ထမ်းဆောင်စေခဲ့ပါသည်။ အဆိုပါ တွဲဖက်ဝန်ထမ်းများအနက်မှ ၂၀၂၅ ခုနှစ်၊ မေလ ကျောင်းအပ်နှံရေး သီတင်းပတ်အပါအဝင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး ဆောင်ရွက်ခဲ့သည့် ၃၁-၅-၂၀၂၅ ရက်နေ့အထိ တာဝန်ကျသည့် လုပ်ငန်းခွင်များသို့ ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့သူ ရွှေဘိုမြို့နယ်တွင် (၁၂)ဦးနှင့် အခြားဒေသ များသို့ ပြောင်းရွှေ့ခြင်း၊ တွဲဖက်ခြင်း၊ ပင်စင်ခံစားခြင်းနှင့် သေဆုံးခြင်း အပါအဝင် လစာခံစားခွင့်ရသူ (၁၆)ဦး၊ စုစုပေါင်း (၂၈) ဦးသာရှိပြီး အလုပ်ခွင်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ရန်ပျက်ကွက်သူ (၂၃၈)ဦး ရှိပါကြောင်း၊
၃॥ လတ်တလောအခြေအနေအရ ပိတ်ထားရသော အခြေခံပညာကျောင်းများရှိ ပညာရေး ဝန်ထမ်းများအား လစာနှင့်စရိတ်ထုတ်ပေးရာတွင် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ညွှန်ကြားထားပါသည်။ သို့ဖြစ်ပါ၍ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်သည့် (၂၃၈)ဦးအား အဆိုပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိသည့်အတွက် ဝက်လက်မြို့နယ်ပညာရေးမှူးရုံးက ၂၀၂၅ ခုနှစ်၊ မေလ လစာကို မထုတ်ပေးခဲ့ ခြင်းဖြစ်ပါကြောင်းနှင့် ၂၀၂၃ ခုနှစ် မေလ လစာများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း စိစစ်တွေ့ရှိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment